10/15/2017

♪ ဖုန်းကင်မရာရဲ့ Manual စနစ်ကိုအသုံးပြုတော့မယ်ဆိုရင် ♫


ဖုန်းရဲ့ Manual စနစ်ကိုသုံးပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ လိုအပ်တဲ့ ကင်မရာ Settings တွေအားလုံးကို ဓာတ်ပုံရိုက်မယ့်သူက ချိန်ညှိပြီး ရိုက်ကူးရ တာဖြစ်ပါတယ်။ ဒါကြောင့်စမတ်ဖုန်းရဲ့ Manual စနစ်နဲ့ဓာတ်ပုံရိုက်မယ့်သူတွေအတွက် သိထားသင့်တဲ့အခြေခံအချက် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဖုန်းကင်မရာမှာ Maunaul စနစ်မပါတဲ့ သူတွေအနေနဲ့လည်း Manual စနစ်ကို အသုံးပြုချင်တဲ့အခါမှာ Manual App တွေကိုထည့်ပြီး အသုံးပြုကြတာမျိုးရှိပါတယ်။ App မှာပဲဖြစ်ဖြစ်၊ ဖုန်းကင်မရာ Default ပါလာတဲ့ Manual စနစ်မှာပဲဖြစ်ဖြစ် အသုံးပြုပုံစံတွေကတော့ တူတူပါ ပဲ။
 
 
ဖုန်းကင်မရာမှာ Auto ကင်မရာစနစ်ပါလျက်နဲ့ ဘာကြောင့် Manual စနစ် ကိုအသုံးပြုရသလဲလို့ မေးစရာလည်းရှိပါတယ်။ Manual စနစ်ကို ဘာကြောင့် သုံးကြသလဲဆိုတော့ Auto ကင်မရာစနစ်ဟာ နေရာတိုင်း အချိန်တိုင်းအတွက် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ထုတ်မပေးနိုင်ပါဘူး။ ဒါ့အပြင် Light Painting နဲ့ Light Trail လိုဓာတ်ပုံတွေ၊ Slow Shutter ဓာတ်ပုံဖန်တီးမှုတွေအတွက်လည်း Auto စနစ်ကအသုံးပြုဖို့အဆင်မပြေ နိုင်ပါဘူး။ ဒါကြောင့် အလင်းအားနည်းတဲ့ အချိန်မျိုးတွေ၊ ညပိုင်းဓာတ်ပုံ ကောင်းကောင်းတွေ၊ Slow Shutter ဓာတ်ပုံတွေကို ဖန်တီးချင်တယ်ဆို ရင်တော့ Manual ကင်မရာစနစ်ကို အသုံးပြုရမှာပါပဲ။
 
 
Manual ကင်မရာစနစ်ကို အသုံးပြုတော့မယ်ဆိုရင် အဓိကသိထား သင့်ထားသင့်တာကတော့ Exposure triangle လို့ ခေါ်တဲ့ Exposure တြွိဂံကို အခြေခံအားဖြင့် သိထားရမှာဖြစ်ပါတယ်။
 
 
Exposure triangle ထဲမှာတော့ Aperture, Shttur Speed နဲ့ ISO စနစ်သုံးခုပါဝင်ပါတယ်။ ဒီစနစ်သုံးခုကို မျှတကောင်းမွန်အောင် ချိန်ညှိ ပြီးရိုက်နိုင်မှ ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံကို ရရှိနိုင်ပါလိမ့်မယ်။
 
Aperture
Aperture ကတော့ Size of lens opening ခေါ်ပြီး လို့ယေဘုယျအားဖြင့်ဆိုရင်တော့ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ကင်မရာထဲ ကိုဖြတ်ပြီး ဝင်လာမယ့် အလင်းဝင်ပေါက်လို့ ခေါ်ပါတယ်။ ဓာတ်ပုံတစ် ပုံအတွက် အလင်းအရောင်အရမ်းများနေတဲ့အချိန်မျိုးမှာ Manual စနစ် နဲ့ ရိုက်မယ်ဆိုရင်အလင်းဝင်ပေါက်ကို တက်နိုင်သမျှ ကျဉ်းကျဉ်းထားပြီး ရိုက်ရမှာဖြစ်ပြီးတော့၊ အလင်းအားနည်းတဲ့ နေအချိန်တွေမှာဆိုရင်တော့ အလင်းဝင်ပေါက်ကို ကျယ်ကျယ်ချဲ့ထားပြီး အလင်းဝင်ရောက်လာနိုင်မှု များအောင်လုပ်ပြီး ရိုက်ရမှာဖြစ်ပါတယ်။ Aperture ကိုတော့ f/ သင်္ကေ တနဲ့ ဖော်ပြလေ့ရှိပြီး f/ ရဲ့နောက်က ကိန်းကဏန်းက မြင့်လာလေ Aperture က ကျဉ်းလေဖြစ်ပြီး f/ ရဲ့နောက်က ကိန်းဂဏန်းက နည်းလာ လေ Aperture က ကျယ်လေ ဖြစ်ပါတယ်။ ဥပမာ f/1.4 နဲ့ f/22 ဆိုရင် 1.4 က Aperture ကျယ်ထားတာဖြစ်ပြီး အလင်းဝင်နှုန်းများမှာဖြစ်ပါ တယ်။ 22 ဆိုရင်တော့ Aperture ကျဉ်းထားတာဖြစ်ပြီး အလင်းဝင် ရောက်နိုင်မှု နှုန်း နည်းမှာဖြစ်ပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းတွေမှာတော့ အချို့ဖုန်းတွေမှာ Aperture ကို Exposure လို့ပဲတွဲဖက်ဖော်ပြထားပြီး တော့ (+) နဲ့ (-) သင်္ကေတတွေနဲ့ ပြထားတာမျိုးလည်း ရှိပါတယ်။ စမတ်ဖုန်းကင်မရာတွေရဲ့ Specification တွေကိုပြတဲ့အခါမှာ f/1.9, f/2.2, f/2.0 အစရှိသဖြင့် ဖော်ပြကြပါတယ်။ ဒါလိုဖော်ပြတာဟာ ဖုန်းရဲ့ကင်မရာက Aperture ဘယ်လောက်အထိ အသုံးပြုလို့ ရနိုင်မယ် ဆိုတာကိုဖော်ပြထားတာဖြစ်ပါတယ်။ Professionla ကင်မရာတွေမှာ အသုံးပြုတဲ့ Lens တွေမှာဆိုရင်လည်း ဒီလိုပဲ Aperture ကိုဖော်ပြပါ တယ်။
 
 
Shutter Speed
Shutter Speed ဆိုတာကတော့ ကင်မရာမှာပါဝင်တဲ့ Shutter ရဲ့ ဖွင့်နိုင် ပိတ်နိုင်မှု နှုန်းကိုပြတာဖြစ်ပါတယ်။ Shutter speed ဟာ Slow Shutter ဓာတ်ပုံတွေကိုရိုက်တဲ့အချိန်၊ Light Trail နဲ့ Light Painting လိုဓာတ်ပုံတွေကို ရိုက်မယ့်အချိန်တွေမှာ အဓိကနေရာကနေ ချိန်ညှိအ သုံးပြုရတဲ့ စနစ်ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ပအလင်းရောင်၊ အခန်းတွင်း အလင်းရောင်အခြေအနေပေါ်မှာမူတည်ပြီးတော့လည်း Shutter Speed ကိုကစားနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ရိုက်မယ့် Subject က လှုပ်ရှားနေတဲ့အချိန်၊ ဒါမှမဟုတ် အလျင်အမြန်ရိုက်ဖို့လိုတဲ့ ဓာတ်ပုံမျိုးတွေ၊ ဖုန်းကို Tripod ပေါ်မှာမတင်ပဲ လက်နဲ့ပဲ ကိုင်ပြီးရိုက်မယ့် အချိန်မျိုးတွေမှာဆိုရင် Shutter speed ကိုတင်ထားဖို့ ဂရုစိုက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ Shutter speed နိမ့်နေတဲ့အချိန်မှာ Tripod မရှိ ရင် ပုံတွေက ဝေဝါးပြီး ပုံရိပ်နှစ်ထပ်တွေ ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်မယ့် မိမိက ရွှေ့နေတဲ့အရာတစ်ခုပေါ်မှာဖြစ်စေ၊ Subject က လှုပ်ရှားနေရင်ဖြစ်စေ Shutter Speed ကို အမြန်နှုန်းကို မြင့်မြင့်တင် ပြီး ရိုက်ကူးရမှာဖြစ်ပါတယ်။ Shutter Speed ကိုတော့ စက္ကန့်နဲ့တွက်ချက် ဖော်ပြပါတယ်။ မိုဘိုင်းဖုန်းတွေမှာဆိုရင်တော့ 1s, 2s, 3s အစရှိသဖြင့် ဖော်ပြလေ့ရှိပါတယ်။ DSLR ကင်မရာတွေမှာဆိုရင် တော့ 1/500, 1/15 အစရှိသဖြင့် ဖော်ပြပါတယ်။
 
 
ISO
ISO ကတော့ Light Sensitivity လို့ သတ်မှတ်ကြပါတယ်။ ကင်မရာကနေ အလင်းကိုသိရှိနိုင်မှု နှုန်းလို့ ခေါ်ပါတယ်။ ကင်မရာကနေ ပြင်ပအလင်းရောင်ကို သိရှိနိုင်မှု နှုန်းကို ကိန်းဂဏန်း နဲ့ဖော်ပြပါတယ်။ ISO ကိုအချို့ဖုန်းတွေမှာ အနိမ့်ဆုံး 30 လောက်ကနေစပြီးအသုံးပြုနိုင် ပြီး အမြင့်ဆုံး 6400 လောက်ထိ အသုံးပြုနိုင်ကြတာမျိုးလည်းရှိပါ တယ်။ ISO ကလည်း ဓာတ်ပုံကောင်းတစ်ပုံရရှိနိုင်ဖို့အတွက် အရေးပါ တဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ အလင်းရောင်ရှိတဲ့ အချိန် တွေမှာဖြစ်စေ၊ အလင်းရောင်အားနည်းနေတဲ့အချိန်တွေမှာဖြစ် စေ ISO အမြင့်ကြီးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ Noise တွေများနေ တက်ပါတယ်။ ဒါကြောင့် Manual စနစ်နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် ISO ကိုလည်းဂရုစိုက်ရပါလိမ့်မယ်။ Manual စနစ်နဲ့ ဓာတ်ပုံရိုက်မယ့်သူတွေ အတွက်တော့ ပုံမှန်အနေနဲ့ဆိုရင် ISO 100 ကို Recommend ပေးကြ ပါတယ်။ အလင်းရောင်ရှိတဲ့အချိန်တွေမှာ Manual စနစ်နဲ့ ဓာတ်ပုံရိုက် မယ်ဆိုရင် ISO ကို 100 လောက်ထားပြီးရိုက်သင့်ပါတယ်။ ညပိုင်းမှောင် နေတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း ISO ကို အနိမ့်ဆုံး 100 လောက်ကနေစပြီးရိုက်သင့်ပါတယ်။ ဒါပေမဲ့အလင်း ရောင်အား နည်းနေတဲ့အချိန်မှာ မိမိဓာတ်ပုံရိုက်နေတဲ့ဖုန်းရဲ့ Shutter Speed နဲ့ Aperture အသုံးပြုနိုင်မှုပေါ်မှာမူတည်ပြီး ISO ကိုတိုးမြှင့် ရိုက် နိုင်သလို Tripod အသုံးပြုနိုင်ခြင်း အသုံးမပြုနိုင်ခြင်းတွေပေါ်မှာမူ တည်ပြီးတော့လည်း ISO ကို လိုအပ်သလို မြှင့်တင်ရိုက်ကူးနိုင်ပါတယ်။ သိထားရမယ့်အချက်တစ်ခုကတော့ ISO မြင့်လာလေ ပုံမှာ Noise တွေ များလာလေ၊ ပုံက ဖွာလာလေ ဖြစ်မယ်ဆိုတာကို သိထားရပါမယ်။
 
 
အခုဖော်ပြခဲ့တဲ့ Exposure Triangle ကိုပိုင်ပိုင်နိုင်နိုင်အသုံးပြုနိုင်မယ်ဆိုရင်တော့ စမတ်ဖုန်းရဲ့ Manual စနစ်နဲ့ ဓာတ်ပုံရိုက်သည်ဖြစ်စေ DSLR ကင်မရာနဲ့ ရိုက်သည်ဖြစ်စေ အဆင်ပြေနိုင်ပါလိမ့်မယ်။
 
Manual စနစ်နဲ့ဓာတ်ပုံရိုက်တဲ့အချိန်မှာ နောက်ထပ်သိထားသင့်တဲ့ အချက်တစ်ချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ Wihte Balance ပါ။ အချို့စမတ်ဖုန်းတွေရဲ့ Manual စနစ်မှာ White Balance ကိုလည်း ထည့်သွင်းပေးထားကြပါတယ်။ Manual Camera App ကိုအသုံးပြု တယ်ဆိုရင်လည်း App တွေရဲ့ Manual စနစ်မှာ White Balance ပါဝင် တက်ပါတယ်။ White Balance ဟာ ဓာတ်ပုံတစ်ပုံရဲ့ အရောင်အသွေး ကိုပြောင်းလဲပေးနိုင်ပါတယ်။ ဥပမာ မီးအနီရောင်တွေရှိတဲ့ နေရာမှာဓာတ်ပုံရိုက် တဲ့အချိန်မှာ ပုံက ပြာနှမ်းနှမ်းပုံထွက်လာတယ်ဆိုရင်ဒါဟာ White Balance မှားယွင်းအသုံးပြုထားတဲ့အတွက်ကြောင့်ဖြစ် ပါတယ်။ ဒါကြောင့် White Balance ကိုလည်း မိမိဓာတ်ပုံရိုက်မယ့် နေရာဒေသ ပါတ်ဝန်းကျင်ရဲ့ အရောင်ပေါ်မှာ မူတည်ပြီး ပြောင်းလဲရိုက် ကူးသင့်ပါတယ်။
 




Credit to ==> Internet Journal











www.pyaephyo.com