10/14/2017

♪ “Huawei က ရေစိုခံတဲ့ Honor WaterPlay Tablet ကိုမိတ်ဆက်” ♫

https://scontent.fbkk9-2.fna.fbcdn.net/v/t31.0-8/22426311_750145668497505_3482337539355673710_o.jpg?oh=7a510acf35a43d2bb6d7a4d352e7883a&oe=5A71B41F

“Huawei က ရေစိုခံတဲ့ Honor WaterPlay Tablet ကိုမိတ်ဆက်”
Huawei က Honor WaterPlay အမည်ရ Android Tablet အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ အမည်အတိုင်းပဲသူဟာ IP67စံနှုန်းရှိပြီးရေ အနက် ၁ မီတာအထိမိနစ် ၃၀ ကြာအသုံးပြုနိုင်ပါတယ်။ သူ့ကို Honor 7X စမတ်ဖုန်းနဲ့အတူမိတ်ဆက်ခြင်း ဖြစ်ပြီးဖုန်းမှာထည့်သွင်းထားတဲ့ Kirin 659 Chipset ကိုပဲတက်ဘလက်မှာထည့်သွင်းထားပါတယ်။
တက်ဘလက်အတွက် 3GB RAM , 32GB Storage နဲ့ 4GB RAM, 64GB Storage များထုတ်လုပ်ပေးထားပါတယ်။ တက်ဘလက်မှာ ၁၀.၁ လက်မ 1920x1200p Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 8MP Camera တပ်ဆင်ထားပြီးအရှေ့ဘက်ကင်မရာရဲ့ သတင်းအချက် အလက်ကိုမသိရသေးပါဘူး။
အရှေ့ဘက်မှာလက်ဗွေရာအာရုံခံကိရိယာ ပါပြီးmicroSD Card စိုက်နိုင် ပါတယ်။ ဘက်ထရီကတော့ 6660mAh ဖြစ်ပြီး 3.5mm Headphone Jack ပါပါတယ်။ Android 7.0 Nougat အခြေပြု EMUI 5.1 ထည့်သွင်း ထားပါတယ်။
တရုတ်မှာယခုလ ၂၄ ရက်နေ့မှာရောင်းချပေးမှာ ဖြစ်ပြီးငွေနဲ့ ရှန်ပိန် ရွှေရောင်များရွေးချယ်နိုင်ပါတယ်။ 3GB/32GB Model ကို ၃၀၃ ဒေါ်လာ ၊ 4GB/64GB Model ကို ၃၆၄ ဒေါ်လာသတ်မှတ်ထားပါတယ်။















www.pyaephyo.com