10/08/2017

♪ “iPhone X ရဲ့ TrueDepth ကင်မရာစနစ်ဟာ ပြိုင်ဖက် Android များထက် နှစ်နဲ့ချီစောနေဟုဆို” ♫

Image may contain: one or more people, phone and text

KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က iPhone X ရဲ့ TrueDepth ကင်မရာစနစ်ဟာ ပြိုင်ဖက် Android များထက် နှစ်နဲ့ချီ စောနေဟုသုံးသပ်လိုက်ပါတယ်။ သူက Apple ရဲ့ ပြိုင်ဖက်များဟာ TrueDepthကင်မရာစနစ်ကိုတုပဖို့ အနည်းဆုံး ၂ နှစ်ခွဲလောက် ကြာမြင့်နိုင်တယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။ iPhone X ရဲ့ Face ID လုံခြုံရေးစနစ်၊ Animojiနဲ့ အခြားစွမ်းဆောင်ချက်အချို့ကို ဒီနည်းပညာ ကဖန်တီးပေးခြင်း ဖြစ်ပါတယ်။

သူက iPhone X ကို ကြိုတင်မှာယူမှုဟာသန်း ၄၀ ကနေသန်း ၅၀ ကျော် ရှိနိုင်တယ်လို့ ယခင်ကတွက်ချက်ခဲ့ဖူးပါတယ်။“၂၀၁၄ ခုနှစ်ထုတ် iPhone 6 နောက်ပိုင်းမှာအထူးခြားအဆန်းသစ်ဆုံးဟာ iPhone X ဖြစ်ပါတယ်။ Apple Fans များဟာဖုန်းအသစ်ကိုစောင့်မျှော်နေကြပြီး Face ID စွမ်းဆောင်ချက်ကြောင့် ၉၉၉ ဒေါ်လာတန် တန်ဖိုးကြီး iPhone X ကိုဝယ်ချင်နေကြပါတယ်။ TrueDepth Camera (3D Sensing) ဟာ Apple ပြိုင်ဖက်များကိုအသာစီးရစေမှာပါ။”လို့ ပြောခဲ့ဖူးပါတယ်။

Apple ဟာ iPhone X ကို နိုဝင်ဘာလမှာ ရောင်းချမှာ ဖြစ်ပေမယ့် TrueDepth ကင်မရာစနစ်အတွက် အစိတ်အပိုင်းများထောက်ပံ့မှု မလုံလောက်တဲ့အတွက် ရောင်းချတဲ့ အချိန် နောက်ကျမယ်လို့ သတင်းများ လည်းထွက်ပေါ်နေပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com