10/08/2017

♪ “iPhone X တစ်လုံးရောင်းတိုင်းဒေါ်လာ ၁၁၀ ရမယ့် Samsung” ♫

Image may contain: phone

Samsung ဟာ iPhone X အတွက် OLED Panel အပါအ၀င် အစိတ် အပိုင်းများကိုထုတ်လုပ်ပေးထား ပါတယ်။ သုတေသနစစ်တမ်းတစ်ခုအရ Samsung ဟာ iPhone X ရောင်းချရမှုကနေဒေါ်လာ ၄ ဘီလီယမ် လောက် ရရှိမယ်လို့ တွက်ချက်ထားပါတယ်။ ဒီပမာဏဟာသူ့ကိုယ်ပိုင် Galaxy S8 ရဲ့ အစိတ်အပိုင်းများရောင်းချရမှုရဲ့ အမြတ်ငွေထက်တောင် ပိုမိုများပြားမယ်လို့ သိရပါတယ်။

iPhone X တစ်လုံးရောင်းချရတိုင်း Samsung ဟာဒေါ်လာ ၁၁၀ ခန့် ရရှိမယ်လို့ သိရပါတယ်။Samsung က iPhone X အတွက် မျက်နှာပြင် အပြင် NAND Flash Memory Chips ၊ ဘက်ထရီနဲ့ Capacitor များ ကိုလည်းထုတ်လုပ်ပေးထားခြင်း ဖြစ်ပါတယ်။ အဲဒီအထဲမှာတော့ OLED Display က တန်ဖိုးအကြီးမားဆုံး ဖြစ်ပါတယ်။

Apple ဟာ iPhone X အလုံးရေသန်း ၁၃၀ နဲ့ Samsung ဟာ Galaxy S8 အလုံးရေသန်း ၅၀ ရောင်းချရနိုင်တယ်လို့ Counterpoint က တွက်ချက်ထားပါတယ်။ Apple နဲ့ Samsung တို့ဟာ ၂၀၁၇ ခုနှစ်ရဲ့ အမြတ်ငွေ အများဆုံးကုမ္ပဏီများ ဖြစ်လာမယ်လို့ တွက်ချက်ထားပါတယ်။

Apple နဲ့ Samsung တို့ဟာမူပိုင်ခွင့် ပြဿနာများဖြင့် နှစ်ပေါင်းများစွာ ကာလရှည်ကြာတရားရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီနှစ်ခုဟာ မိတ်ဖက်များလည်း ဖြစ်ကြပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com