10/08/2017

♪ “iPhone 8 Plus နဲ့ Note 8 ထက် ကင်မရာပိုကောင်းတဲ့ Pixel 2 နဲ့ Pixel 2 XL တို့ကိုကြေညာပြီ” ♫

Image may contain: phone

Google က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းအသစ် နှစ်လုံးကိုမိတ်ဆက် လိုက်ပါတယ်။ Pixel 2 နဲ့ Pixel 2 XL တို့ ဖြစ်ပါတယ်။ DxOရဲ့ စမ်းသပ်ချက် အရ Pixel 2 စမတ်ဖုန်းများဟာ iPhone 8 Plus နဲ့ Note 8တို့ထက် ပိုမိုကောင်းပြီးသူ့ရဲ့ အဆင့်သတ်မှတ်ချက်မှာထိပ်ဆုံးနေရာ ကိုသိမ်းပိုက်လိုက်ပါတယ်။

ဖုန်းနှစ်လုံးစလုံးမှာGoogle က Dual Pixel Sensor လို့ ပြောတဲ့ 12.2MP Rear Camera ပါပြီး Optical Image Stabilization နဲ့ Electronic Image Stabilization နည်းပညာများပါပါတယ်။ Pixel ကို ၂ ခြမ်းခွဲ လိုက်တဲ့ သဘောမျိုးဖြစ်ပြီး iPhone 7 , iPhone 8 Plus တို့လို နောက်ခံကို Blur လုပ်နိုင်တဲ့ Portrait Mode ကိုလည်းသုံးနိုင်မှာ ဖြစ်ပါတယ်။

Pixel 2 မှာ ၅ လက်မ Full HD OLED Display နဲ့ Pixel 2 XL မှာ ၆ လက်မ 2880x1440 OLED Display တပ်ဆင်ထားပါတယ်။ ဖုန်းနှစ်လုံး စလုံးမှာ Snapdragon 835, OLED Display , 4GB RAM, 64 or 128GB Storage များတပ်ဆင်ထားပါတယ်။

Google က iPhone Live Photos လို Motion Photos စွမ်းဆောင်ချက် ကိုထည့်ပေးထားပြီးသူကဓါတ်ပုံ တစ်ပုံရိုက်တိုင်းမှာသုံးစက္ကန့်ကြာဗီဒီယို တစ်ခုကိုဖန်တီးပေးမှာ ဖြစ်ပါတယ်။Pixel ဖုန်းများရဲ့ ကင်မရာဟာ AR Stickers အပါအ၀င် Augmented Reality စွမ်းဆောင်ချက်များကို ထောက်ပံ့ပါတယ်။ ဓါတ်ပုံ၊ ဗီဒီယိုများမှာ 3D အရုပ်များနဲ့ Emoji များကို ထည့်သွင်းနိုင်ပါတယ်။ ဖုန်းများမှာ Notifications နဲ့ အချိန်တို့ကို အချိန်မရွေးကြည့်နိုင်တဲ့ Always-on-Display တပ်ဆင်ထားပါတယ်။

Google Lens ပါတဲ့ ပထမဆုံးစမတ်ဖုန်းများဖြစ်ပြီးကင်မရာကနေ အရာဝတ္ထုများ၊ အဆောက်အဦများကိုချိန်ရွယ်လိုက်ရင် သူ့ရဲ့ သတင်း အချက်အလက်များကို ပြသပေးမှာပါ။ Pixel 2 ကိုအဖြူ၊ အနက်၊ အပြာရောင်များထုတ်လုပ်ပေးထားပြီး 64GB ကို ၆၄၉ ဒေါ်လာနဲ့ 128GB ကို ၇၄၉ ဒေါ်လာသတ်မှတ်ထားပါတယ်။ Pixel 2 XL ကိုအနက်နဲ့ အဖြူရောင် ထုတ်လုပ်ပေးထားပြီး 64GB ကို ၈၄၉ ဒေါ်လာနဲ့ 128GB ကို ၉၄၉ ဒေါ်လာသတ်မှတ်ထားပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ရောင်းချမှာပါ။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








www.pyaephyo.com