10/01/2017

♪ Gionee က ၆ လက်မ Display , 5000mAh Battery ပါတဲ့ M7 Power ကို မိတ်ဆက် ♫


Gionee က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ M7 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ M7 Power စမတ်ဖုန်းကို Thailand Mobile Expo 2017 မှာ ပြသလိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်မှာ 5000mAh Battery ဖြစ်ပြီး ဘက်ထရီ သက်တမ်း အလွန် ကောင်းမွန်ပါတယ်။ အခြား Specifications အပိုင်းမှာ M7 Power ဟာ M7 ထက် အားနည်းပါတယ်။ 

Gionee M7 Power မှာ Octa-Core 1.4GHz Processor ပါတဲ့ Qualcomm Snapdragon 435 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM, 64GB Storage ထည့်သွင်းထားသလို 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Dual SIM Support ပါပေမယ့် Hybrid ဖြစ်တဲ့အတွက် microSD Card စိုက်ထားရင် SIM Card တစ်ခုသာ ထည့်သွင်းနိုင်ပါတယ်။ 

Gionee M7 Power မှာ ၆ လက်မ HD+ 1440×720 Display တပ်ဆင်ထားပြီး မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ အလွန် ပါးလွှာပြီး Physical Home Button တို့ကို ဖယ်ရှားထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera နဲ့ အနောက်ဘက်မှာ 13MP Camera တပ်ဆင်ထားပါတယ်။ ထိုင်း ဘတ် ၉၉၉၀ ( ၂၉၉ ဒေါ်လာ ) သတ်မှတ်ထားပြီး မြန်မာငွေ အားဖြင့် ၄၀၀ ၀၀၀ ၀န်းကျင်ကျသင့်နိုင်ပါတယ်။ အပြာရင့်၊ အနက်နဲ့ ရွှေရောင်များ ရွေးချယ်နိုင်ပါတယ်။




Credit to ==> DigitalTimes.com.mm




www.pyaephyo.com