10/01/2017

♪ " Huawei Y7 Prime နဲ့ Samsung Galaxy J7 Core တို့မှာ ဘယ်ဖုန်းက ရွေးချယ်ဖို့ အကောင်းဆုံးဖြစ်မယ်ထင်လဲ … ? " ♫

Image may contain: phone and screen

Smartphone အသုံးပြုသူဦးရေ များပြားတိုးတက်လာတာနဲ့အမျှ Smartphone ထုတ်လုပ်တဲ့ Company တွေရဲ့ ဈေးကွက်ပြိုင်ဆိုင်မှုတွေဟာလည်း ပိုမိုပြင်းထန်လျက် ရှိပါတယ်။ Samsung, Huawei, Xiaomi, OPPO, Vivo, Sony, LG, HTC, Motorola, Nokia စတဲ့ နာမည်ကြီး Company တွေဟာ တန်ဖိုးမြင့်မားတဲ့ Flagship Smartphone Model တွေကိုသာမက Mid-End Smartphone Model တွေနဲ့ ဈေးနှုန်းသင့်တင့်တဲ့ Affordable Model အမျိုးအစားတွေကိုပါ ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ သက်ဆိုင်ရာ Company တွေက သတ်မှတ်ပေးထားတဲ့ Affordable Smartphone Model တွေထဲက Huawei Y7 Prime နဲ့ Samsung Galaxy J7 Core တို့အကြောင်းကို NetGuide Journal ရဲ့ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

* Price & Color *

ပထမဆုံးအနေနဲ့တော့ ဈေးနှုန်းလေးနဲ့ စတင်လိုက်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အများစုက မည်သည့်ပစ္စည်းပဲဖြစ်ဖြစ် ရွေးချယ်ဝယ်ယူလိုတဲ့အခါ ဈေးနှုန်းပိုင်းကို စတင်သတိထားမိကြလို့ပါ။ Huawei Y7 Prime ရဲ့ဈေးနှုန်းက ငွေကျပ် (279,000) ဖြစ်ပြီး Samsung Galaxy J7 Core ရဲ့ဈေးနှုန်းကတော့ ငွေကျပ် (239,000) ဖြစ်ပါတယ်။ ရွေးချယ်စရာအရောင်တွေအနေနဲ့တော့ Galaxy J7 Core မှာ အနက်ရောင်၊ ရွှေရောင်နဲ့ ငွေပြာရောင်တို့ကို ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Huawei Y7 Prime ကိုတော့ ရွှေရောင်၊ ငွေရောင်၊ မီးခိုးရောင်နဲ့ အနက်ရောင်တို့ဖြင့် ထုတ်လုပ်ပေးထားပါတယ်။

* Body & Display *

Huawei Y7 Prime ရဲ့ ဒီဇိုင်းပိုင်းကိုပြောရမယ်ဆိုရင် သူ့အရင်ထွက်ရှိခဲ့တဲ့ GR5 Mini နဲ့ အနည်းငယ်ဆင်တူမှု ရှိပါတယ်။ ကိုယ်ထည်ပိုင်းကိုတော့ လုံးပြည့်သတ္တုကိုယ်ထည်ပုံစံဖန်တီးပေးထားတာဖြစ်ပြီး ဘေးဘောင်တွေကိုလည်း သပ်ရပ်ပါးလွှာမှုရှိအောင် လုပ်ဆောင်ပေးထားပါတယ်။ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ Power Button နဲ့ Volume Key ၊ ဘယ်ဘက်ဘေးဘောင်မှာ Sim Card Slot ၊ ဖုန်းအပေါ်ထိပ်ပိုင်းမှာ နားကြပ်ပေါက်၊ အောက်ခြေမှာ Micro USB Port နဲ့ Speaker တို့ရှိပါတယ်။ ဖုန်းရဲ့နောက်ကျောဘက်မှာတော့ အနောက်ကင်မရာရဲ့ အောက်မှာ Fingerprint Scanner ကို ထည့်သွင်းပေးထားတာကို တွေ့မြင်ရမှာပါ။ မျက်နှာပြင်အရွယ်အစားက (5.5) လက်မရှိပြီး 2.5 D Glass HD Display ကို အသုံးပြုပေးထားတာကြောင့် ရုပ်ရှင်ကြည့်ခြင်းနဲ့ ဂိမ်းကစားခြင်းတို့ လုပ်ဆောင်တဲ့အခါ ရုပ်ထွက်ပိုင်းက ကြည်လင်ကောင်းမွန်မှုရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Samsung Galaxy J7 Core ကတော့ ယခင်ထွက်ရှိခဲ့တဲ့ Samsung Galaxy J Series Smartphone တွေရဲ့ ပုံစံအတိုင်းပဲဖြစ်ပြီး ကိုယ်ထည်ကိုတော့ Polycarbonate နဲ့ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ဘေးဘက်မှာ Power Button နဲ့ Volume Key တို့ရှိပြီး မျက်နှာပြင်အောက်ပိုင်းမှာ Home Button ကို ထည့်သွင်းပေးထားသလို အောက်ခြေမှာ Micro USB Port တို့ရှိပါတယ်။ Speaker ကတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာပါ။ ဖုန်းရဲ့အရွယ်အစားကတော့ 152.4 x 78.6 x 7.6 mm ရှိပါတယ်။ ဒီဖုန်းကလည်း မျက်နှာပြင်အရွယ်အစား (5.5) လက်မရှိတဲ့ Smartphone တစ်လုံးဖြစ်ပြီး Super AMOLED HD Display ကို အသုံးပြုပေးထားတာကြောင့် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်စွမ်းရည်ကို မြင်တွေ့ခံစားလိုသူတွေအတွက် အဆင်ပြေစေပါလိမ့်မယ်။

* Performance *

Huawei Y7 Prime ဟာ Dual Sim အသုံးပြုနိုင်တဲ့ Smartphone တစ်လုံးဖြစ်ပြီး 4G (LTE) Network ကိုပါ အပြည့်အ၀ ထောက်ပံ့ပေးပါလိမ့်မယ်။ ဖုန်းတွင်းလုပ်ဆောင်ချက်တွေ ကောင်းမွန်စေဖို့ Octa-Core 1.4 GHz Processor ကို အသုံးပြုပေးထားကာ RAM 3GB က ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ Internal Memory ကတော့ 32GB ဖြစ်ပြီး Memory ကို တိုးမြှင့်အသုံးပြုလို့ ရမှာပါ။ Software ပိုင်းအတွက် Android 7.0 (Nougat) ကို အသုံးပြုပေးထားသလို Emotion User Interface 5.1 ကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက်တွေ ပိုမိုချောမွေ့အဆင်ပြေစေမှာဖြစ်တဲ့အပြင် ဂိမ်းကစားခြင်းနဲ့ စာဖတ်ခြင်းတွေမှာ ပိုမိုအဆင်ပြေစေမယ့် Eye Comfort လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်။ နောက်ပြီးတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာပါရှိတဲ့ Fingerprint Scanner ဖြင့် Screen Unlock ပြုလုပ်နိုင်သလို အဆိုပါ Fingerprint Scanner ဖြင့် ဓာတ်ပုံရိုက်ကူးခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ Alarm ပိတ်ခြင်း၊ Gallery ထဲရှိ Photo များကို Browse ပြုလုပ်ခြင်း၊ Notification Panel ကို ဆွဲချခြင်း၊ ဆွဲတင်ခြင်း စတာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာဆိုရင် 4000 mAh ဘက်ထရီကို အသုံးပြုပေးထားတာကြောင့် တစ်ခါအားသွင်းထားရင် လုပ်ဆောင်ချက်များကို အချိန်ကြာကြာ လုပ်ဆောင်လို့ရမှာ ဖြစ်ပါတယ်။

Samsung Galaxy J7 Core ကို 4G Network မှာ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်သလို Dual Sim အသုံးပြုလို့ရမယ့် Smartphone တစ်လုံးပါ။ Octa-Core 1.6 GHz Processor ကို အသုံးပြုပေးထားတာဖြစ်ပြီး RAM ကတော့ 2GB ဖြစ်ပါတယ်။ Internal Memory က 16GB ဖြစ်ပြီး Memory ကို တိုးမြှင့်အသုံးပြုလိုသူတွေအတွက် တိုးမြှင့်အသုံးပြုခွင့် ပြုထားပါတယ်။ Software ပိုင်းလုပ်ဆောင်ချက်တွေအတွက် အသုံးပြုပေးထားတဲ့ Operating System ကတော့ Android 7.0 (Nougat) ပဲဖြစ်ပါတယ်။ Dual Messenger solutions လုပ်ဆောင်ချက်အသစ်အား ထည့်သွင်းပေးထားတာကြောင့် သုံးစွဲသူများအနေဖြင့် Social Media Account 2 ခုအား ဖုန်းတစ်လုံးထဲတွင် လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ Galaxy J7 Core Smartphone မှာတော့ Fingerprint Scanner ကို ထည့်သွင်းပေးထားခြင်း မရှိပါဘူး။ ဒီဖုန်းမှာ အသုံးပြုပေးထားတဲ့ ဘက်ထရီကတော့ 3000 mAh ဖြစ်ပါတယ်။

* Camera *

Y7 Prime မှာ 12 MP ရှိတဲ့ အနောက်ကင်မရာကို တပ်ဆင်ပေးထားတာဖြစ်ပြီး Camera Mode တွေအနေနဲ့ Pro Photo, Pro Video, HDR, Time-Lapse, Audio Note, Document Scan, Panorama, Slow-Mo စတာတွေ ပါရှိပါတယ်။ လှုပ်ရှားမှုမြန်ဆန်တဲ့ ပုံရိပ်တွေကို 0.3 စက္ကန့်အတွင်း မြန်ဆန်စွာရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် ဓာတ်ပုံတွေရိုက်ကူးရာမှာ အဆင်ပြေအောင် Filter မျိုးစုံကိုပါ ထည့်သွင်းပေးထားပါသေးတယ်။ အရှေ့ဘက်မှာတော့ 8.0 MP ကင်မရာပါရှိပြီး Beauty Level ကို " 0 " ကနေ " 10 " အထိ စိတ်ကြိုက်ချိန်ညှိနိုင်မယ့် လုပ်ဆောင်ချက်ကိုပါ ထည့်သွင်းပေးထားပါတယ်။

Galaxy J7 Core မှာတော့ အနောက် 13.0 MP နဲ့ အရှေ့ 5.0 MP ရှိတဲ့ ကင်မရာများကို ထည့်သွင်းပေးထားပါတယ်။ အနောက်ကင်မရာမှာ F1.9 Lens ကို တပ်ဆင်ပေးထားတာကြောင့် အလင်းအားနည်းတဲ့ အခြေအနေတွေမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ပါလိမ့်မယ်။ J7 Core မှာလည်း Pro Mode, HDR, Panorama စတဲ့ ကင်မရာလုပ်ဆောင်ချက်တွေလည်း ပါရှိပါတယ်။ အရှေ့ကင်မရာမှာတော့ Selfie ရိုက်ကူးရတာကို ၀ါသနာပါသူတွေ ပိုမိုအဆင်ပြေစေဖို့အတွက် Soft LED Flash ထည့်သွင်းပေးထားပါတယ်။

ဒီ Huawei Y7 Prime နဲ့ Galaxy J7 Core တို့မှာ ဈေးနှုန်းပိုင်းအရ ငွေကျပ် (40,000) ကွာခြားမှုရှိပါတယ်။ အရောင်ပိုင်းမှာဆိုရင် Y7 Prime မှာက အရောင် (4) မျိုးအထိ ရွေးချယ်နိုင်မှာဖြစ်သလို J7 Core မှာတော့ အရောင် (3) မျိုးကို ရွေးချယ်လို့ရမှာပါ။ ဒီဖုန်းအမျိုးအစား (2) မျိုးနဲ့ပတ်သက်ပြီး စာဖတ်သူများရဲ့ ထင်မြင်ချက်တွေကို Comment Box မှာ မျှဝေပေးသွားလို့ ရပါတယ်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








www.pyaephyo.com