10/01/2017

♪ ZTE က လာမယ့်လမှာ ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်မည် ♫


ZTE က အောက်တိုဘာလ ၁၇ ရက်နေ့မှာ Axon M စမတ်ဖုန်းကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ၂ ခု ပါရှိခြင်း ဖြစ်ပါတယ်။ မျက်နှာပြင် ၂ ခုကို ဆန့်ကား၍ အရွယ်ကြီး မျက်နှာပြင်အဖြစ် ပြောင်းလဲနိုင်ပါတယ်။ 

Axon M ဟာ ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင် ၁ ခုပါတဲ့ Samsung Galaxy X လို မဟုတ်ဘဲ ZTE က Full HD Display ၂ ခုကို တွဲဆက်ထားပါတယ်။ မျက်နှာပြင် ၂ ခုရဲ့ အဆက်ဟာလည်း အလွန် ပါးလွှာပါတယ်။ မျက်နှာပြင် ၂ ခုကို ဆန့်ကား၍ အသုံးပြုလျှင် ၆.၈ လက်မ Display ဖြစ်သွားမှာ ဖြစ်ပါတယ်။ 

Axon M ကို ခေါက်ချိုးထားရင် အရှေ့နဲ့ အနောက်ဘက်မှာ မျက်နှာပြင် ၁ ခုစီကို အသုံးပြုနိုင်ပါတယ်။ ဒါဟာ Meizu Pro 7 ရဲ့ ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် YotaPhone များနဲ့မတူဘဲ Axon M ရဲ့ မျက်နှာပြင် ၂ ခုစလုံးဟာ E-Ink မဟုတ်ဘဲ အရောင်များ ပံ့ပိုးပေးပါတယ်။ 

အမေရိကန်မှာ Axon M ကို ၆၅၀ ဒေါ်လာဖြင့် ရောင်းချနိုင်ပါတယ်။ သူ့မှာ Snapdragon 820 , 4GB RAM, 32GB Storage , 3120mAh Battery ပါမယ်လို့ သတင်းထွက်နေပါတယ်။





Credit to ==> DigitalTimes.com.mm





www.pyaephyo.com