11/06/2016

♪ Update တွေကိုအမြန်ဆုံး install လုပ်နိုင်မယ့် Platform တစ်ခု မိတ်ဆက်ဖို့ Microsoft စီစဉ် ♫


Microsoft အနေနဲ့ PC ပေါ်ကနေ Update တွေကို အမြန်ဆုံး install လုပ်နိုင်မယ့် Unified Update Platform (UUP) ကို Windows 10 Creators Update နဲ့အတူ မိတ်ဆက်ပေးဖို့ စီစဉ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ Windows 10 update ဟာ (အထူးသဖြင့် PC ပေါ်မှာ) install လုပ်ဖို့ အချိန်အတော်ပေးရ တဲ့အတွက် User တွေရဲ့ Feedback တွေတက်လာတဲ့အပေါ်မှာ Microsoft အနေနဲ့ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကို အကောင်းဆုံးစဉ်းစားခဲ့ပြီး အခုလိုမျိုး UUP ကိုမိတ်ဆက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

UUP ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ PC ပေါ်က update တွေရဲ့ download size တွေကို (၃၅) ရာခိုင်နှုန်းအထိ လျော့ချပေးမှာဖြစ်တဲ့အတွက် update တွေကို download ဆွဲပြီး install လုပ်တဲ့အခါ ပိုမိုမြန်ဆန်လာစေမှာဖြစ်ပါတယ်။ Windows 10 Mobile User တွေအတွက်ကိုလည်း UUP က data ပမာဏ ကိုလျော့ပေးမယ့်အပြင် processing ပမာဏကိုပါ လျော့နည်းစေမှာဖြစ်ပါတယ်။

ဒါ့အပြင် UUP က Windows 10 Mobile Users တွေအတွက် (PC user တွေရင်းနှီးပြီးသားဖြစ်တဲ့) ‘one-hop’ update ကိုပါ မိတ်ဆက်ပေးမှာဖြစ်ပြီး ‘one-hop’ ရဲ့ လုပ်ဆောင်ချက်ကတော့ ဘယ်လောက်ဟောင်းတဲ့ version မှာ ရှိနေနေ lastest built ကို တိုက်ရိုက် download လုပ်ပေးမှာဖြစ်ပါတယ်။ လက်ရှိ user တွေ latest built ကိုရဖို့ အကြိမ်များစွာ update ပြုလုပ်နေရတာကို အကောင်းဆုံးဖြေရှင်းမယ့် feature ဖြစ်ပါတယ်။

UUP ကို Windows Insider Member တွေအတွက် သီးသန့်အရင်ထုတ်ပေးမှာဖြစ်ပြီး မကြာခင်မှာ Windows 10 Creators Update နဲ့အတူ User အားလုံးဆီကို commercially ဖြန့်ချိပေးမှာဖြစ်တယ်လို့သိရပါတယ်။


Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com