11/03/2016

♪ “Telenor Myanmar မှ iPhone 7နှင့် 7 Plus တို့ကို စတင်ရောင်းချ” ♫


Telenor Myanmar မှ iPhone 7 နှင့် iPhone 7 Plus တို့ကိုစတင် ရောင်းချ တော့မည်ဖြစ်ပြီး Pre Order စတင်မှာယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ Pre Order မှာယူလိုသူများအနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ တယ်လီနော Show Room ကြီးများတွင် စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပြီး၊ မိမိဝယ်ယူလိုသည့် ဖုန်းအတွက် ၃ဝဝ,ဝဝဝ ကျပ် ကြိုတင်ပေးချေမှာယူနိုင်မည်ဖြစ်သည်။

Pre Order မှာယူထားသူများအားနိုဝင်ဘာလ ၄ ရက်နေ့ စတင်ရောင်းချချိန်မှာ ပစ္စည်းပေးအပ်ရန် စီစဉ်ထားပါသည်။ လက်ဆောင်အနေဖြင့် အင်တာနက် အခမဲ့အသုံးပြုခွင့် 12GB (လစဉ် 2GB ဖြင့် ၆လတိတိ)၊ တယ်လီနောနံပါတ် အလှ၊ iPhone ကာဗာ၊ Screen Guard နှင့်အခြား လက်ဆောင်ပစ္စည်းများ လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ Pre Order မှာယူနိုင်မည့် ဆိုင်လိပ်စာများမှာ ရန်ကုန်မြို့ Myanmar Plaza ဒုတိယထပ်ရှိ တယ်လီနော အရောင်းဆိုင်၊ mDrive အမှတ်-၁ဝ၇/၁ဝ၉၊ မြေညီထပ်၊ Junction Center Maw Tin ၊ ရန်ကုန်။ မန္တလေးမြို့၊ အမှတ်-၇၁၊ ၇၃လမ်းနှင့် လမ်း ၃ဝ ထောင့်၊ ချမ်းအေးသာဇံမြို့နယ်ရှိ တယ်လီနောအရောင်းဆိုင်တို့ဖြစ်ပါသည်။

ဈေးနှုန်းများအနေဖြင့် iPhone 7-32GB အတွက် ၁,ဝ၇၃, ဝဝဝ ကျပ်၊ iPhone 7-128GB အတွက် ၁,၂၃ဝ,ဝဝဝ ကျပ်၊ iPhone 7-256GB အတွက် ၁,၃၉ဝ,ဝဝဝ ကျပ်၊ iPhone 7 Plus-32GB အတွက် ၁,၂၆၂,ဝဝဝ ကျပ်၊ iPhone 7 Plus-128GB အတွက် ၁,၄၂ဝ,ဝဝဝ ကျပ်နှင့် iPhone 7 Plus-256GB အတွက် ၁,၅၇၅,ဝဝဝ ကျပ်သတ်မှတ်ထားပြီး www.telenor.com. mm မှ တစ်ဆင့်လည်း Pre Order မှာယူနိုင်ကြောင်းတယ်လီနောမှ သတင်း ထုတ်ပြန်ထားပါသည်။

ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com