11/01/2016

♪ Lenovo အမှတ်တံဆိပ် Vibe K5 Note စမတ်ဖုန်းကို စတင်ဝယ်ယူနိုင် ♫


နာမည်ကြီး စမတ်ဖုန်း အမှတ်တံဆိပ် တစ်ခုဖြစ်သည့် Lenovo မှ ၎င်းတို့၏ ထုတ်ကုန်သစ် Vibe K5 Note စမတ်ဖုန်းကို မြန်မာပြည် ဈေးကွက်တွင် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ GSM Sim ကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မည့် Dual Sim အမျိုးအစား စမတ်ဖုန်းဖြစ်ပြီး 2G, 3G နှင့် 4G ကွန်ရက်တွေမှာ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ ကိုယ်ထည်ပိုင်းကို ကျစ်လျစ်မာကျောပြီး လှပသေသပ်သည့် Metallic Body ဖြင့် တည်ဆောက်ပေးထားသည်။

မျက်နှာပြင်အရွယ်အစား ၅.၅ လက်မရှိပြီး 1080 x 1920 pixels အထိ အထောက်အပံ့ပေးနိုင်တဲ့ LTPS IPS LCD capacitive touch screen Display ကို အသုံးပြုထားသည်။ ဂရပ်ဖစ်ပိုင်းအတွက် Mali-T860MP2 ကိုအသုံးပြုပေးထားပြီး  အမြန်နှုန်း Octa-core (4x1.8 GHz Cortex-A53 & 4x1.0 GHz Cortex-A53) အစရှိတဲ့ CPU ကို ထည့်သွင်းပေးထားကြောင်း သိရသည်။ RAM 4 GB ပါဝင်မည်ဖြစ်ပြီး ဖုန်းအတွင်း အချက်အလက် သိုလှောင်မှုအတွက် Internal Memory 32 GB နှင့် Micro SD Card 256 GB အထိ ထပ်စိုက်၍ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ 13 Megapixels အရည်အသွေးရှိ ကျောဘက်ကင်မရာကို တပ်ဆင်ပေးထားပြီး ရှေ့ဘက်ကင်မရာအနေဖြင့် 8 Megapixels အမျိုးအစားကို တပ်ဆင်ပေးထားကာ Dual LED (dual tone) Flash နှင့် Security ပိုင်းအတွက် Finger- print စနစ်များ ပါဝင်လာမည် ဖြစ်သည်။

Lenovo Vibe K5 Note  စမတ်ဖုန်းကို Silver, Grey, Gold အရောင်သုံးမျိုးဖြင့် ထုတ်လုပ်ထားပြီး အာမခံ (၁) နှစ်ပါဝင်ကာ မြန်မာငွေကျပ် ၂၉၉,၀၀၀ ကျပ်ဝန်းကျင်ဖြင့် KMD Computer & Mobile Sale Centre များနှင့် Lenovo Mobile အရောင်းဆိုင် ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ Lenovo Vibe K5 Note စမတ်ဖုန်းကို ဝယ်ယူအားပေးသည့် Customer များအနေဖြင့် Lenovo VR(2.1) ကို လက်ဆောင်အဖြစ် ရရှိသွားမည့်အပြင် အင်တာနက် (500MB X 3လ) အခမဲ့ သုံးစွဲခွင့်ရမည့် Telenor Sim-card ကိုလည်း ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက ဖုန်း-၀၁ ၃၈၁၁၂၉၊ ၃၉၁၀၃၅၊ ၂၄၅၁၈၀ လိုင်းခွဲနံပါတ် (၁၄၂၊၁၃၀) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။



Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com