Apple က ၁၃ နဲ့ ၁၅ လက်မ အရွယ် MacBook Pro မော်ဒယ်အသစ် ၃ ခုကို မိတ်ဆက်လိုက်ပါတယ်။ ၁၃ လက်မမော်ဒယ်မှာ ၂ ခုဖြစ်ပြီး တန်ဖိုးနည်း မော်ဒယ်ကို MacBook Air နှစ်သက်သူများအတွက် ရည်ရွယ်ထားပါတယ်။ သူဟာ ၁၄.၉ မီလီမီတာ အထူရှိပြီး ၃ ပေါင် အလေးချိန်ရှိပါတယ်။ ဆဌမမျိုးဆက် 2GHz Dual-Core Intel Core i5, Iris Graphics 540 , 8GB RAM, 256GB SSD ,Thunderbolt Port ၃ ခု တပ်ဆင်ထားပါတယ်။ ဒေါ်လာ ၁၄၉၉ ဖြင့် ရောင်းချပေးလိုက်ပါပြီ။

စွမ်းရည်မြင့် ၁၃ လက်မမော်ဒယ်ဟာ ၁၄.၉ မီလီမီတာ အထူနဲ့ ၃ ပေါင် အလေးချိန်ရှိပါတယ်။ Intel Skylake Core i5 or i7 , Iris Graphics, ၅၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာတဲ့ SSD တပ်ဆင်ထားပါတယ်။ 2TB SSD အထိ ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံးမော်ဒယ်ကို ဒေါ်လာ ၁၇၉၉ သတ်မှတ်ထားပါတယ်။

၁၅ လက်မမော်ဒယ်မှာ Intel Skylake Quad-Core i7 Processor , Redeon Pro Graphics, 4GB VRAM နဲ့ ၅၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တဲ့ SSD ထည့်သွင်းထားပါတယ်။ 2TB SSD အထိ ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ဒေါ်လာ ၂၃၉၉ သတ်မှတ်ထားပါတယ်။ ၁၅ လက်မမော်ဒယ်ဟာ ၁၅.၅ မီလီမီတာ အထူနဲ့ ၄ ပေါင် အလေးချိန်ရျှိပါတယ်။

၂ လုံးစလုံးဟာ ယခင်မျိုးဆက်များထက် ပိုမိုပါးလွှာ ၊ ပေါ့ပါးပါတယ်။ ဒါပေမယ့် ယခင်မျိုးဆက်ထက် ၂ ဆ ပိုမိုကြီးတဲ့ Touchpad များ ပါလာပါတယ်။ လက်ဗွေရာ စစ်ဆေးတဲ့ ကိရိယာကို Power ခလုတ်အောက်မှာ မြှပ်ထားပါတယ်။