မြန်မာနိုင်ငံမှာ လူသုံးများတဲ့ မီဒီယာပလေယာတစ်ခုဖြစ်တဲ့ VLC ဟာ မနေ့က
update အသစ် ထွက်ခဲ့ပြီး၊ အမိုက်စား feature တွေ အများအပြား ပါဝင်လာတာကို
တွေ့ရပါတယ်။
အသစ်ထွက်လာတဲ့ VLC for Android 2.0 မှာ Local Network ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တစ်ခု ပါဝင်လာပြီး၊ ကိုယ့်ဖုန်းနဲ့ wi-fi ချိတ်ထားတဲ့ Network ထဲက ဗီဒီယိုတွေကို ဖုန်းထဲမှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
VLC 2.0 မှာ ဖုန်း permission ယူထားမှုတွေကိုလည်း တော်တော်လျှော့ချပစ်ထားတာတွေ့ရပြီး၊ ဖုန်းထဲက မီဒီယာဖိုင်တွေကိုပဲ access (အသုံးပြုခွင့်) တောင်းထားတာကို တွေ့ရပါတယ်။
ဗီဒီယိုကြည့်နေရင်း၊ Facebook သုံးတာမျိုး ဖုန်းနဲ့ Multi-tasking လုပ်ချင်သူတွေအတွက်လည်း pop-up video view ပါဝင်လာလို၊ ရုပ်ရှင်ကားတွေမှာ စာသားလိုချင်သူတွေအတွက် subtitle download တို့ ပါဝင်လာတာကို တွေ့ရပါတယ်။
Android မှာ အကောင်းဆုံးမီဒီယာပလေယာတွေထဲက တစ်ခုဖြစ်တဲ့ VLC 2.0 ကို Google Play Store ကနေ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။

Download
www.pyaephyo.com