6/24/2016

♪ တန်ဖိုး – ၁၅၀၀၀၀ ကျပ်တန်ဖိုးရှိ - Samsung Galaxy Core I8260 ♫

samsung-galaxy-core-gt-i8262

တန်ဖိုးသက်သာပြီး ဈေးကွက်ထဲမှာအဆင့်အတန်းမှီတဲ့ စမတ်ဖုန်းတစ်မျိုးရှိနေပါသေးတယ်။သုံးစွဲသူ အချို့သတိမထားမိတဲ့ အမျိုးအစားတစ်ခုပေါ့။ Samsung Galaxy Core I8260 လိုခေါ်ပြီး ဒီစမတ်ဖုန်း ကို 2013, May မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

မျက်နှာပြင်အကျယ်အ၀န်း  4.3 လက်မရှိပြီး ထိတွေ့မျက်နှာပြင်အမျိုးအစားကို TFT capacitive touchscreen ကိုတပ်ဆင်ပေးထားပါတယ်။ကြည့် ရှုမျက်နှာပြင်ကနေ လည်း အရောင်ကို ၁၆ မျိုးအထိထုတ်ပေးနိုင်ပါတယ်။ဖျော်ရေးအပိုင်သုံးအနေနဲ့  Android OS, v4.1.2 (Jelly Bean) ကိုသုံးစွဲထားပြီး Chipset ကို Qualcomm MSM8225 Snapdragon S4 Play ကိုအသုံးပြုထားပါတယ်။

CPU  အနေနဲ့ Dual-core 1.2 GHz ဖြင့်မောင်းနှင် ပေးမှာဖြစ်ပြီး GPU Adreno 203 နဲ့အင်အားဖြည့်ပေးသွားမှာဖြစ်ပါတယ်။ဖုန်းအတွင်းမှတ်ဥာဏ် ပမာဏ အနေနဲ့ 1 GB RAM နဲ့ ROM 8 GB ရှိပါတယ်။ဖုန်းအတွင်းမှတ်ဥာဏ်ပမာဏနဲ့မ လုံလောက်ဘူးဆိုရင်တော့ အပိုမှတ်ဥာဏ်ကို 64 GB အထိတိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ကင်မရာပိုင်းမှာ တော့ နောက်ကင်မရာမှာ 5 MP ရှိပြီး ရှေ့ကင်မရာ မှာ VGA အဆင့်သာ၇ှိတဲ့အတွက် ကင်မရာအရည်အသွေးပိုင်းမှာအားနည်းထားတယ်လို့ပြောရပါမယ်။

တန်ဖိုးနည်းစမတ်ဖုန်းဆိုတော့လည်း အချို့အပိုင်းလေးတွေတော့ အရည်အသွေးလျှောချထားတာ ထုံစံတစ်ခုလိုဖြစ်နေပါပြီ။ ဒါပေမယ့် အခြားအပိုင်းတွေဖြစ်တဲ့ CPU တို့၊GPU တို့လျှော့ချလိုက် ရင်တော်သေးသော်လည်း ကင်မရာပိုင်းကိုလျှော့ချလိုက်တဲ့အတွက် မြန်မာနိုင်ငံကသုံးစွသြူတွေနဲ့တော့ သိပ်အဆင်ပြေလှမှာမဟုတ်ပါဘူး။

ဘက်ထရီကိုတော့ Removable Li-Ion 1800 mAh ကိုသုံးစွဲထားတဲ့အတွက် အားပြန်မဖြည့်ဘဲ ဆက်တိုက်ပါဝါဖွင့်ထားမယ်ဆိုရင် နာ၇ီပေါင်း ၃၀၀ နှင့်အထက်ထားနိုင်ပြီး ဖုန်းချည်း ဆက်တိုက်ပြော ဆိုမယ်ဆိုရင်တော့ နာရီပေါင်း ၉ နာ၇ီနှင့်အထက်ဆက်တိုက်ပြော ဆိုနိုင်မှာ ဖြစ်ပါတယ်။ ကာလာတွေအနေနဲ့ Metallic Blue, Chic White ဆိုပြီး နှစ်မျိုးထွက်ထားတဲ့အတွက် မိမိ နှစ်သက်ရာ ကာလာကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။

တန်ဖိုး – ၁၅၀၀၀၀ ကျပ်
ဖုန်း – ၀၁ ၂၅၂၉၈၈


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com