6/28/2016

pCloud Account Storageကို ပိုက်ဆံပေးဝယ်စရာမလိုပဲ မြှင့်နည်း - by CHAN LAY (MCMM)

မင်္ဂလာပါ... ခင်ဗျာ...

တစ်ချို့သူငယ်ချင်းတွေကတော့ pCloud account တစ်ခုလျောက်လိုက်တဲ့ချိန်ကပေးထားတဲ့ Storage ကုန်သွားရင် နောက်ထပ် အကောင့်တစ်ခုလျှောက်ပြီးသုံးကြပါတယ် တကယ်လို့ Upload တင်ထားတဲ့ Data တွေကိုလိုချင်တဲ့ချိန်ကျတော့ ဟိုအကောင့်ထဲမှာဝင်ကြည့်လိုက်ရ ဒီအကောင့်ထဲမှာဝင်ကြည့်လိုက်ရလုပ်ရတော့ ကျနော်အတွကတော့ အလုပ်ရှုပ်ပါတယ် ကျနော်ကတော့ အကောင့်တစ်ခုထဲမှာပဲDataတွေကို Video, MP3, Photo, Software,PDFတွေကို Folderသီးသန့် နေရာတကျ စုစည်းပြီးတစ်နေရာထဲမှာပဲထားရတာကို နှစ်သက်ပါတယ်
စနစ်တစ်ကျစုစည်းမှုလုပ်ရတာကိုလဲ ကျနော်က ဝါသနာပါတယ်ဗျ
အဲလိုပြောလို့ ကျနော် pCloud အကောင့်ကိုစိတ်ဝင်စားပြီး Hack ချင်စိတ်ပေါက်လာပြီမလား?
အဲလိုထားချင်တဲ့သူတွေကြတော့ မူလ Storage ကပြည့်သွားရင် ပိုက်ဆံပေးပြီးတော့ဝယ်ချင်တဲ့သူကတော့ရှားမှာပါပဲနော် ပိုက်ဆံပေးဝယ်မယ်ဆိုရင်တောင် Paypal, Coinbit account တွေလုပ်ပြီးငွေဖြည့်ပြီးမှ ဝယ်လို့ရတာပါ အခုကျနော်ပြောမည့်နည်းလေးက Paypal account, Coinbit account တွေလဲလျောက်စရာမလိုပါဘူး ပိုက်ဆံပေးဝယ်စရာလဲမလိုပါဘူး ပိုက်ဆံပေးပြီးဝယ်မယ်ဆိုရင်တော့ 500GB ကို 47 USD (မြန်မာငွေ32900)ပါ...

ကဲ စမယ်နော်

1.
မိမိpCloud account ကို Browser မှာ Login ဝင်လိုက်ပါ Login ဝင်ပြီးသွားရင်တော့ ပုံမှာအတိုင်းSettingနေရာ ရောက်အောင်သွားပြီး More Space ကိုနှိပ်လိုက်ပါ။



2.
 အောက်ကပုံ အတိုင်းပေါ်လာရင် Invite Friends ကိုနှိပ်လိုက်ပါ။




3.
Share Facebook, Twitter, E-mail တို့မှာ Share ရာလုပ်ပြီး ကိုယ့်သူငယ်ချင်းတွေကို Registery လုပ်ခိုင်းလိုက်ပါ။ Link ကို Copyယူပြီးတော့သူငယ်ချင်းတွေကိုပေးချင်ရင်တော့ Share Facebook Twitter,  E-mailဆိုတာရဲ့အပေါ်မှာ Linkပေးထားပါတယ် အဲဒါကိုCopyယူပြီးသူငယ်ချင်းတွေကိုပေးလိုက်လဲရပါတယ်။ကိုယ်သူငယ်ချင်းတွေက အဲဒီLinkကနေ Register လုပ်ပြီးလို့ Verified လုပ်ပေးလိုက်ရင် ကျနော်တို့ pCloud အကောင့်က 1GB တိုးလာပါပြီဝင်ကြည့်လိုက်ပါ။




4.

pCloud Accountလျှောက်နည်းပါ။

 (1)pCloud Accountလျှောက်နည်းကတော့ အလွယ်လေးပါ Accountမလုပ်တက်ဘူးဆိုရင်လဲ Commentမှာပြောခဲ့ပါ။ ပြောပြပါမယ်
အကောင့်လုပ်နည်းကတော့ အလွယ်လေးပါ

pCloud သို့သွားရန် နှိပ်လိုက်ပါ...။

အဲဒီLinkကိုနှိပ်ပြီးတော့သွားလိုက်ပါ အောက်ကပုံအတိုင်းတွေ့ရလျှင်  E-mailနေရာမှာ ကိုယ်ကြိုက်ရာMailကိုထည့်လို့ရပါတယ် Gmail မှ မဟုတ်ပါဘူး
တစ်ချို့သူငယ်ချင်းတွေကပြောကြပါတယ် Gmail ထည့်လိုက်ရင် Gmailမှာ Account ကို Verified လုပ်ဖို့ Linkပို့မလာဘူးဆိုလား?  အဲဒီpCloud accountလျှောက်ထားတဲ့Gmailဆော့ဝဲထဲမှာ Linkလာမပို့ဘူးဆိုရင် အဲဒီ pCloud account လျှောက်ထားတဲ့ Gmail ကို Browserမှာ Login ဝင်ပြီးတော့ကြည့်လိုက်ပါ Verified Link ကိုတွေ့ရပါလိမ့်မယ်။ Gmail နဲ့ အဆင်မပြေဘူးဆိုရင် တခြားTelenor mail, Mail.ruစတဲ့ အဆင်ပြေရာ Mail တွေကိုလဲ အထည့်ပေးလို့ရပါတယ်

(2)Chose Password & Repeat Password မှာ က ကိုယ့်ရဲ့. pCloud Account Password

ကိုထည့်ပေးရပါမယ် အပေါ်ကြောင်းနဲ့အောက်ကြောင်းကို Password အတူပေးရပါမယ်

(3)Acceptဆိုတာလေးကို အမှန်ခြစ်လုပ်ပေးပြီး Registerကိုနှိပ်လိုက်ပါ။


 

AccountကိုVerfilyလုပ်နည်း...

pCloud Account လျှောက်တဲ့ချိန်က ထည့်ထားတဲ့Mailမှာသွားလိုက်ပါ။
pCloud Team က ပို့လာတဲ့စာကိုတွေ့ပါလိမ့်မယ် နှိပ်လိုက်ပါ။




In older to use pCloud's full set of features, verfily your account by clcking the folowing link.
ဆိုတဲ့စာရဲ့အောက်က Link ကနှိပ်ပြီးသွားလိုက်ပါ။




အောက်ကပုံမှာ အတိုင်းပေါ်လာပါလိမ့်မယ် အဲလိုပေါ်လာရင် account ကိုVerified လုပ်လို့ပြီးပါပြီ။
(Hackerသမားတွေ အကောက်ကပုံမှာ 2015cock.h@gmail.com ကိုတွေ့လိုက်တာနဲ့ COC အကောင့်ဆိုပြီး Hack မနေကြနဲ့နော် လိုချင်ရင် လာတောင်းပါ Account ကော Password ကောပေးပါမယ် ဒါပေမဲ့လို့Level1ကို Connected လုပ်ထားပြီး မဆော့ဘူးနော် လိုချင်ရင်ရင်တော့ပြောခဲ့ပေါ့ ... :P








အောက်ကပုံမှာ ကြည့်လိုက်ပါ မူလ အကောင့်စလျောက်တော့ 11GB ပါ အခု 11GB မရတော့ဘူးနော်
သူငယ်ချင်းတွေက Invite Link ကနေဝင်လျောက်ပေးလို့တော့ မဟုတ်ဘူးဗျ ကွကိုယ်ပဲလျောက်တာ Gmail,Mail.ru စတဲ့ Mail တွေကတော့ နည်းပညာသမားတိုင်းလျှောက်တက်နေတာပဲလေ Mail အကောင့်တစ်လျောက် Invitetလုပ်ထားတဲ့ Linkကနေ ဝင်ပြီး pCloud အကောင့်လျောက်လိုက်ပေါ့ဗျာ သူများတွေက ဝင်လျောက်မပေးလဲ ကိစ္စမရှိပါဘူး Mail အကောင့်တွေဆိုတာလဲ ကိုယ်ကိုလျောက်တက်နေတာပဲ ဟုတ်တယ်မလား အဲတော့ကိုယ်ကိုပဲ Invite Linkကနေဝင်ပြီးလျောက်လိုက်ပေါ့ဗျာ။

သတိပြုရန်

pCloud အကောင့်ကို Verified (အတည်ပြု) ပြီးမှ Storage က တက်လာနော် Verified မလုပ်ရင်မရပါဘူး။
နောက်တစ်ခုက ကျနော်ပေးတဲ့ Invite Link ကနေဝင်ပြီး အကောင့်လျှောက်ရင်းနဲ့ ကျနော်ကိုကူညီပါ။
ကျနော်ကို ကူညီသညိ့အနေနဲ့ Invite Linkကနေဝင်လျောက်ရင် 10.9GB Freeရတယ်နော်
invite link ကနေဝင်လျှောက်တာမဟုတ်ရင်တော့ 10GB ပဲရပါတယ် ကျနော်လျှောက်ကြည့်တာတော့ စမ်းကြည့်ပေါ့ဗျာ

နားလည်ကြမယ်လို့ မျှော်လင့်မိပါတယ်...နော်...။

မရှင်းဘူးဆိုရင် ကျွန်တော် " ချမ်းမြေ့မောင် " ကို Facebook Chat Box မှာ လာမေးလို့ရတယ်နော်...။

Credit To... (http://kohtikeit.blogspot.com/)

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net