6/23/2016

Galaxy Note 7 တွင် ၅.၈ လက်မ curved screen နှင့် 6GB RAM ပါဝင်မည်ဟုဆို





အသစ်ထွက်ရှိမည့် Galaxy Note 7 တွင် dual-curved screen ပါဝင်မည်ဟု ကောလာဟလသတင်း ထွက်ပေါ်လာသည်။

အဆိုပါ screen သည် QHD resolution ဖြင့်သုံးနိုင်မည့် Super AMOLEd ဖြစ်ပြီး Exynos chipset နှင့်အတူ 6GB RAM အသုံးပြုထားကြောင်းဆိုသည်။ ဘက်ထရီက ယခင်ထက် အရွယ်ကြီးမားပြီး 4,000mAh ဖြစ်ကြောင်း၊ ကင်မရာက 12MP dual-pixel sensor ဖြစ်ပြီး အဆင့်မြှင့်ထားသည့် ဆော့ဖ်ဝဲဖြင့် သုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခင်ထွက်ပေါ်ခဲ့သော ကောလာဟလသတင်းများတွင်မူ Note 7 ၌ IP68 rating, iris scanner နှင့် USB Type-C port ပါဝင်မည်ဟု ဖော်ပြခဲ့ကြသည်။
အခြားသော ကောလာဟလသတင်းတွင်မူ Samsung Galaxy Note 7 ကို သြဂုတ်လလယ်တွင် ယူရို ၈၀၀ ဖြင့် ရောင်းချမည်ဟု ဖော်ပြခဲ့သည်။

Ref: GSMArena
Credit Internal

သီဟထိုက်
www.thihahtike.com





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com