6/24/2016

♪ Cele နဲ့ မီဒီယာတွေ Live Video ထုတ်လွှင့်ဖို့ ဒေါ်လာသန်း ၅၀ ကျော်စပွန်ဆာပေးနေတဲ့ Facebook ♫


ဒီနှစ်အစောပိုင်းမှာ Facebook ဟာ အသုံးပြုသူတွေအနေနဲ့ ဗီဒီယိုတွေကိုတိုက်ရိုက်ထုတ်လွှင့်နိုင်တဲ့ လုပ်ဆောင်ချက် Live Video ကိုမိတ်ဆက်ခဲ့ပါတယ်။ ယခုအခါမှာတော့ အဲ့ဒီလုပ်ဆောင်ချက်ကို အရောင်းမြှင့်တင်ရေး အစီအစဉ်ပြုလုပ်မယ့် အရိပ်အယောင်တွေ တွေ့နေရပါတယ်။

အဲ့ဒါကတော့ Facebook ဟာ နာမည်ကြီးတဲ့ Celebrity တွေနဲ့ သတင်းမီဒီယာတွေကို တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်ဖို့ အတွက် ဒေါ်လာသန်းပေါင်းများစွာ စပွန်ဆာပေးနေတဲ့ စာချုပ်အကြောင်းတွေ ပေါက်ကြားလာတာပါ မကြာသေးမီကပဲ Facebook ပိုင်ရှင် Mark Zuckerberg ကိုယ်တိုင် Facebook Live Video မှာ တိုက်ရိုက်အမေးအဖြေပြုလုပ်ခဲ့ပြီး နောက်မှာ ဒီသတင်းထွက်ပေါ်လာတာပါ။

Wall Street ဂျာနယ်ရဲ့ သတင်းအရ သူတို့အနေနဲ့ Facebook ရဲ့ Live Video ထုတ်လွှင့်ဖို့အတွက် ဒေါ်လာ သန်း ၅၀နဲ့ သေ ဘာတူထားတဲ့ စာချုပ်ပေါင်း ၁၄၀ပါ အထောက်အထားတွေကို ရရှိထားတယ်လို့ ဆိုခဲ့ပါတယ်။ အဲ့လိုထုတ်လွှင့်တဲ့ စပွန်ဆာတွေမှာ CNN, The New York Times, Vox Media, Tastemade, Mashable နဲ့ the Huffington Post တို့လို နာမည်ကျော် မီဒီယာကုမ္ပဏီတွေနဲ့ သရုပ်ဆောင် Kevin Hart, ဗြိတိန်စားဖိုမှူး Gordon Ramsay, အိန္ဒိယစာရေးဆရာ Deepak Chopra နဲ့ အမေရိကန်ဘောလုံးသမား Russell Wilson တို့လိုနာမည်ကျော်တွေ ပါဝင်တာဖြစ်ပါတယ်။

facebook-live-video-sponsors

အဲ့ဒီအထဲမှာ BuzzFeed ဟာ ဈေးအကြီးဆုံး Publisher အဖြစ်ရပ်တည်ခဲ့ပြီး ၂၀၁၆ခုနှစ် မတ်လကနေ ၂၀၁၇ခုနှစ်၊ မတ်လအထိ တစ်နှစ်စာအတွက် Facebook က ဒေါ်လာ ၃.၀၅သန်း ပေးချေခဲ့ရပါတယ်။ သူ့နောက်မှာတော့ The New York Times သတင်းစာကရပ်တည်နေပြီး ဒေါ်လာ ၃.၀၃သန်း တန်ကြေးရှိခဲ့ပါတယ်။

Credit to ==>Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com