ဘယ်နေရာမဆိုသယ်သွားနိုင်ပြီး၊ ဖုန်းနဲ့တင် တန်းသုံးနိုင်တဲ့
ပရိုဂျက်တာလေးတစ်ခု လိုချင်နေသူတွေအတွက် Asus က ZenBeam E1 ဆိုတဲ့
အိတ်ဆောင်ပရိုဂျက်တာလေးကို ထုတ်လုပ်လိုက်ပါပြီ။
အလေးချိန်က ၃၀၇ ဂရမ်လေးသာရှိပြီး၊ Android ဖုန်းနဲ့ တွဲသုံးနိုင်သလို၊
HDMI နဲ့ MHL input လည်း ပါဝင်တာကြောင့်၊ ကွန်ပြူတာ နဲ့ Chromecast လို
media streamer တွေနဲ့လည်း တွဲသုံးနိုင်ပါတယ်။
ZenBeam E1 အိတ်ဆောင်ပရိုဂျက်တာဟာ 854×480 resolution ရှိတဲ့ပုံရိပ်တွေကို အလင်းအား 150 lumens ရှိပါတယ်။ ဘက်ထရီအနေနဲ့လည်း 6000mAh ဘက်ထရီပါရှိပြီး၊ ASUS ရဲ့ ပြောကြားချက်အရ၊ ငါးနာရီ တိတိအသုံးခံတယ်လို့ သိရပါတယ်။
Android ဖုန်းတစ်လုံးရှိရုံနဲ့ နေရာမရွေးအသုံးပြုနိုင်တဲ့ ZenBeam E1 အိတ်ဆောင်ပရိုဂျက်တာကို ၂၄၉ ဒေါ်လာနဲ့ မကြာခင်ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။

www.pyaephyo.com