6/24/2016

♪ GOLDEN KING ဖုန်းပြုပြင်နည်း သင်တန်းကျောင်းမှ တန်းခွဲသစ် မကြာမီဖွင့်လှစ်မည် ♫


ဝါရင့်ကျွမ်းကျင်းဆရာများကိုတိုင်ဦးစီး၍ သင်ကြားပို့ချနေသော Golden King မိုဘိုင်းလ်ဖုန်းပြုပြင်နည်းသင်တန်းကျောင်းမှ မိမိတို့၏ ဖုန်းပြုပြင်နည်းတန်းခွဲသစ်ကို များမကြာမီအချိန်အတွင်းဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းကျောင်းတွင် Hardware ပိုင်းနှင့် Software ပိုင်းများကိုသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး Hardware ပိုင်းတွင် Digital Metal , Multi Meter , Power Supply တို့အားအသုံးပြုပြီး PCB ပေါ်ရှိ Components များကိုတိုင်းတာနည်းများ ၊ အီလက်ထရောနစ်ပိုင်းဆိုင်ရာ ပစ္စည်းများဖြစ်သော Resistor , Diode , Capacitor , Transistor , fuse, Coil, Crystal တို့၏တည်ဆောက်ပုံနှင့် အလုပ်လုပ်ပုံတို့ကို အခြေခံမှစတင်ပြီး နားလည်ကျွမ်းကျင်အောင်သင်ကြားပေးခြင်း ၊ Mobile Phone Diagram PCB Layout and Phone PCB တို့ကိုတွဲဖက်ပြီး ပြစ်ချက်ရှာဖွေလေ့လာနည်းများ၊ PCP ပြားပေါ်တွင်ရှိသော IC နှင့် Components Parts များကို ဖြုတ်/တပ် လဲနိုင်စေရန် Heat Gen Soldering Iron စက်များအသုံးပြုပြီး အခြေခံကျကျ သင်ကြားပေးခြင်း၊ IC နှင့် Components ပိုက်များ ခဲပူ၊ မပူ နှင့် IC များအား ပြန်လည်တပ်ဆင်သော အခါတွင် Mega အမှတ်သားထောင့်တည့်မတည့် ကြည့်ရန်နှင့် IC ဖြုတ်တပ်ပြုလုပ်ပေးနိုင်သည့်အပြင် IC ခဲဖော်၊ခဲရှင်း ပြုလုပ်နိုင်သော စက်ကိရိယာများအား အသုံးပြုပုံပြုနည်းများကို ကျွမ်းကျင်တတ်မြောက်အောင်သင်ကြားပေးခြင်း၊ Power Dead ၊Charging၊ Back light ၊Network and WiFi Section များအတွက် ပြစ်ချက်ရှာဖွေနည်းနှင့်ပြုပြင်နည်းများ ၊Volt Jumper စနစ်ဖြင့် ကောင်းမွန်အောင်ပြုလုပ်နည်းများ၊ Power IC, EMMC ,CPU and Network IC များ၏ ပြစ်ချက်ရှာဖွေနည်းနှင့်အစားထိုးလဲလှယ်နည်းများ၊ BAG IC များ၏ ခဲခြေထောက်ငုတ်ဖော်ပေးခြင်း ၊ IC အောက်ခြေများခဲရှင်းခြင်း၊ IC များစနစ်တကျပြန်လည်တပ်ဆင်နည်းများ ၊ မည်သည့်IC CPU အမျိုးစာများမဆို BAG စက် Infrared Gun များ အသုံးမပြုပဲ အပျက်အဆီးမရှိ ကျွမ်းကျင်ပိုင်နိုင်စွာ ဖြုတ်၊တပ်ပြုလုပ်နိုင်မည့် နည်းလမ်းများကို စနစ်တကျသင်ကြားပေးမည်။ 


သင်တန်းသာများ၏ လက်ချိန်ဆမှုကောင်မွန်စေရန် Power နိုးနေသော Board ပြားများဖြင့် လက်တွေ့လေ့ကျင့်ပေးသွားမည်ဖြစ်သည်။ တန်းခွဲသစ်တစ်ခုလျှင် သင်တန်းသား (၁၀) ဦးသာလျှင်လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းတွင်ဝန်ဆောင်မှုများအနေဖြင့် Computer အခြေခံမရှိသူများကို Computer Basic Level များအားသင်ကြားပေးခြင်း၊ Software & Hardware နှစ်ဘာသာစလုံးတွင် သင်တန်းသားတစ်ဦးလျှင် Laptop တစ်လုံးစီ၊ စက်ပြင်ပစ္စည်းတစ်လုံးစီနှင့်သင်ကြားပေးခြင်း၊ သင်တန်းပြီးဆုံးချိန်တွင် သက်ဆိုင်ရာ Course အလိုက် သုံးစွဲရမည့် data များကို Life Time ပံ့ပိုးပေးခြင်း များနှင့် သင်ထောက်ကူပစ္စည်းများကိုလည်း သင်တန်းတွင် လာရောက်သုံးစွဲခွင့်ရရှိနိုင်မည်ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com