ဒီနှစ်အစောပိုင်းတုန်းကတည်းကရင်း Galaxy Note စမတ်ဖုန်းအတွက်
ကောလဟလသတင်းတွေ ထွက်လာခဲ့ဖူးပါတယ်။ Samsung ရဲ့ အဓိက စမတ်ဖုန်းတွေထဲက
တစ်ခုဖြစ်တဲ့ Galaxy Note စီးရီးရဲ့ နောက်ထွက်မယ့် စမတ်ဖုန်းကို
နာမည်စဉ်အတိုင်း သွားမယ့်ပုံစံဖြစ်တဲ့ “Galaxy Note 6” ကိုကျော်ပြီး
“Galaxy Note 7” ဆိုတဲ့ နာမည်ပေးမှာဖြစ်ပါတယ်။
ဒီနာမည်ဟာ ယခင်ကတည်းက သတင်းထွက်ထားတာဖြစ်ပေမယ့် ယခု အဲ့ဒီနာမည်နဲ့ ပုံတစ်ပုံပေါက်ကြားလာတာကြောင့် အတည်ပြုနိုင်ခဲ့တာပါ။ ဒီသတင်းကို ကောလဟလ သတင်းတွေတင်ပြီး မှန်ကန်တဲ့နေရာမှာ နာမည်ကြီးတဲ့ Eban Blass က သူ့ရဲ့ Twitter မှာ ပုံနဲ့တကွဖော်ပြခဲ့တာဖြစ်ပြီး ပုံအရဆိုရင်တော့ ဒီသတင်းဟာ မှန်ကန်ဖို့ အခြေအနေများနေပါတယ်။
အသစ်ထွက်မယ့် Note 7 ဟာ “Edge” ဆိုတဲ့စကားလုံးကို ဖော်ပြထားခြင်းမရှိတာကြောင့် ယခင် Note 5 လို “Edge” ဗားရှင်းကိုလည်း မထုတ်တော့ဘူးလေလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေတာပါ။ ဖုန်းအသစ်အနေနဲ့ အားလုံးက မျက်နှာပြင်နှစ်ဘက်ကွေးစတိုင်လ်ကို S7 မှာ မျှော်လင့်ခဲ့သလို မျှော်လင့်နေခဲ့ကြတာပါ။ ဖုန်းကို လာမယ့် နွေရာသီနှောင်းပိုင်းကာလ၊ IFA ကုန်သွယ်ရေးပြပွဲမတိုင်ခင် စက်တင်ဘာလမှာ ထုတ်ဖော်ပြသဖို့အတွက် ရှိနေခဲ့ပါတယ်။

www.pyaephyo.com