6/24/2016

♪ တန်ဖိုး – ၇၂၀၀၀ ကျပ်သာရှိတဲ့ - Singtech P450S Smatphone ♫

S07C-金色

တန်ဖိုးသက်သာပြီး သုံးစွဲသူစိတ်ဝင်စားတဲ့ဖုန်းထဲမှာ ယနေ့စိတ်ဝင်စားခြင်းခံနေရတဲ့ဖုန်းတစ်မျိုးရှိနေ ပါတယ်။ဈေးကွက်ထဲရောက်ရှိချိန်ဟာ ကာလသိပ်မကြာညောင်းသေးတဲ့အတွက် သုံးစွဲသူစိတ်ဝင်စား တာလည်းဖြစ်နိုင်ပါတယ်။မျက်နှာပြင်အရွယ်အစား ၄.၅ လက်မရှိပြီး ထိတွေ့မျက်နှာပြင်ကို IPS TFT-LCD ကိုတပ်ဆင်ပေးထားပါတယ်။

ကင်မရာပိုင်းအနေနဲ့ ကျောဘက်ကင်မရာကို 5MP တပ်ဆင်ပေး ထားပြီး ရှေ့ဘက်ကင်မရာကို   2 MP တပ်ဆင်ပေးထားပါတယ်။ကင်မရာပိုင်းမှာ  MP အသင့်သင့်သာ ပါဝင်တဲ့အတွက် ဓာတ်ပုံရိုက် ၀ါသနာပါသူတွေအတွက်တော့ အဆင်မပြေစေနိုင်ပါဘူး။ဒါပေမယ့် တန် ဖိုးငွေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ ထိုက်တန်တယ်လို့ဆိုနိုင်ပါတယ်။ဖုန်းအတွင်းမှတ်ဥာဏ်ပမာဏမှာ RAM 512 MB နဲ့ ROM 8 GB ရှိတဲ့အတွက် အချက်အလက်တွေကို လုံလောက်စွာသိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

ဖျော်ဖြေရေး ကဏ္ဍတွေအတွက် Android OS Version 5.0 Lollipop ကိုသုံးစွဲထားပြီး CPU အနေနဲ့ Quad Core 1.2GHz နဲ့မောင်းနှင်ပေးသွားမှာဖြစ်ပါတယ်။ Version 5.0 ဆိုတဲ့အတွက် ဂိမ်းကောင်း၊ဂိမ်းဆိုဒ်အကြီးတွေကို လွယ်လွယ်ကူကူနဲ့အထစ်အငေါ့မရှိ ကစားနိုင်မှာဖြစ်ပါတယ်။GSM ကွန်ရက်မှာအသုံးပြုဆက်သွယ်နိုင်ပြီး ဆင်းကတ်နှစ်ကတ်တစ်ပြိုင်တည်း တွဲသုံးနိုင်မှာဖြစ်ပါတယ်။

အခြား ကြိုးမဲ့ချိတ်ဆက်စနစ်တွေဖြစ်တဲ့ Bluetooth,WiFi စတာတွေကိုအသုံးပြုနိုင်ပြီး ဘက်ထရီကတော့ 1600 mAh ဘက်ထရီကိုတပ်ဆင်ပေးထားတဲ့အတွက် အချိန်ကြာကြာတော့အသုံးပြုနိုင်မှာမဟုတ်ပေ မယ့် အနည်းဆုံး အချိန် ၇ နာရီကြာအောင်တော့အသုံးပြုနိုင်ပါလိမ့်မယ်။ကာလာအားဖြင့် Gold & Rose Gold ဆိုပြီး နှစ်မျိုးရှိတဲံအတွက်နှစ်သက်ရာအရောင်ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com