သင်တန်းတက်ရောက်လိုသူများအနေဖြင့် Telecom နှင့်ပတ်သက်သော မည်သည့် အခြေခံမှ မလိုအပ်ဘဲ အခက်အခဲမရှိ တက်ရောက်နိုင်ရန် အတွက် အခြေခံ သင်တန်းများဖြစ်တဲ့  Huawei Certified Network Graduate ( HCNG ) နှင့် Mobile Broadband Network ( MBB ) ကို ဦးစွာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည် ။

HCNG သင်တန်းမှာ ၃ လ တာကြာမြင့်မည်ဖြစ်ပြီး သင်တန်းတက်ရောက်သူများ အနေဖြင့် ICT အခြေခံများ ၊ Network အခြေခံများကို စတင်လေ့လာပြီး Core Network, Access Network, Transmission Network, GSM/WCDMA Network အစရှိတဲ့ Mobile Network ပိုင်းဆိုင်ရာများကို သင်ကြားပို့ ချပေးသွားမည်ဖြစ်ပါသည်။

MBB ကတော့ သင်တန်းကာလ ၁ လကျော်သာကြာမြင့်ပြီး Mobile Base Station တစ်ခုတည်ဆောက်ရန်အတွက် Tower တိုင်တပ်ဆင်ခြင်း ၊ တည်ဆောက်ခြင်း ၊ BTS တပ်ဆင်ခြင်း ၊ စမ်းသပ်ခြင်း တို့ကို Huawei ပစ္စည်းကိရိယာများအပါဝင် အခြား သော ပစ္စည်းကရိယာများဖြင့်ပါ ပေါင်စပ်သင်ကြား ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းများ ကို  KMD မှ ဆရာ ၊ ဆရာမများအပြင် Huawei မှ Engineer များကိုယ်တိုင် လုပ်ငန်းခွင် အတွေ့အကြုံများကို ဆွေးနွေး သင်ကြား ပေးသွားမည်ဖြစ်ပါတယ် ။

သင်တန်းပြီးတက်ရောက်အောင်မြင်ပြီးသူများ အနေဖြင့် KMD နှင့် Huawei မှ ပေးအပ်မည့် သင်တန်းဆင်းလက်မှတ်ရရှိမည်ဖြစ်ပြီး Huawei International Exam များကိုဖြေဆိုနိုင်ရန် အတွက်လည်း Huawei နှင့် KMD မှထောက့်ပံ့ပေးသွားမည်ဖြစ်ပါသည် ။ Telecomနည်းပညာဆိုင်ရာ Company ကြီးများတွင် အလုပ်အကိုင်အခွင့်အရေးရှိနိုင်ရန်စာတွေ့ရောလက်တွေပါ ပေါင်းစပ် သင်ကြားပေး မည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ပြီးသော အချို့ လူငယ်များမှာ လည်း Telecom နည်းပညာဆိုင်ရာ company ကြီးများ နှင့်ဆက်သွယ်ရေး Operator ကြီးများ ၏ Core Network, Radio Network, Network Monitoring အစရှိသော လုပ်ငန်းအပိုင်းများတွင် ၀င်ရောက်တာဝန်ထမ်း ဆောင်လျက်ရှိကြပါသည်။

KMD နှင့် Huawei မှ လက်တွဲ၍ ပူးပေါင်းဖွင့်လှစ်သော Telecom Training နှင့် ပတ်သက်၍ မေးမြန်းစုံးစမ်းလိုပါက ဖုန်း KMD ၀၁-၇၀၀၈၉၅၊ ၃၈၁၁၂၉၊၃၈၁၀၃၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည် ။ www.facebookcom/kmdedu.mm တွင်လည်းဝင်ရောက် ကြည့်ရှူ လေ့လာနိုင်ပါသည်။