ပီစီများမှာ ကီးဘုတ်များ၊ မောက်စ်များနဲ့ အခြား Accessories များကို Port များမှာ ချိတ်ဆက် အသုံးပြုရတာ အမြင်ရှုပ်ပြီး နေရာယူပါတယ်။ ABI Research က USB-Type C နဲ့ Thunderbolt 3.0 တို့ဟာ နောက်ဆုံးထုတ် Physical Port များဖြစ်လာမယ်လို့ ပြောပါတယ်။ သူတို့က ကြိုးများ၊ Ports များ မလိုတဲ့ ပီစီများကို တီထွင်နေပြီး မကြာမီ အောင်မြင်တော့မှာ ဖြစ်ပါတယ်။

WiGig ( Wireless Gigabit, aka 802.11ad ) စံနှုန်းကို အသုံးပြုမှာ ဖြစ်ပြီး အလွန်လျှင်မြန်ပါတယ်။ အဲဒီစံနှုန်းကို Dell, Asus , Acer တို့ရဲ့ ယခုနှစ်ထုတ်မယ့် လက်တော့အချို့နဲ့ Docking Stations များမှာ အသုံးပြုထားကြပါတယ်။

လက်တော့နဲ့ ပီစီများသာမကဘဲ မိုဘိုင်းဖုန်း မျက်နှာပြင်လို ကိရိယာများမှာလည်း အဲဒီနည်းပညာကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ABI Research က ပြောပါတယ်။ ဒါပေမယ့် WiGig ကို အသွင်းပြောင်းမှုဟာ အချိန်ယူဖို့ လိုအပ်နေသေးတယ်လို့ တီထွင်သူများက ပြောပါတယ်။