လူတိုင်းပြောစမတ်ပြုနေကြတဲ့
 iPhone 7 ဟာနှစ်မျိုးနှစ်စားထွက်ရှိမယ်လို့ ထင်ထားကြပြီး iPhone 7 နဲ့ 
ပါတ်သက်တဲ့ အမျိုးမျိုးသော ကောလဟာလတွေလည်း ထွက်ရှိလာခဲ့ကြပါတယ်။ အရင်က 
ထွက်ရှိလာတဲ့ ကောလဟာလတွေမှာတော့ iPhone 7 ဟာ iPhone 7 နဲ့ iPhone 7 Plus 
ဆိုပြီး နှစ်မျိုးထွက်လာမယ်လို့ ဖော်ပြထားကြပါတယ်။ ဒါပေမဲ့ 
လက်ရှိအချိန်မှာတော့ iPhone 7 ဟာ အမျိုးအစား ၃ မျိုးနဲ့ ထွက်ရှိလာမယ်လို့ 
ဖော်ပြနေကြပါတယ်။
အဆိုပါ
 iPhone 7 အမျိုးအစား ၃ မျိုးကတော့ iPhone 7, iPhone 7 Plus နဲ့ iPhone 7 
Pro ဆိုပြီး ၃ မျိုးထွက်ရှိလာမယ်လို့ ဖော်ပြထားကြပါတယ်။ အလားတူပဲ iPad 
အတွက်လည်း iPad Mini, iPad Air နဲ့ iPad Pro ဆိုပြီး 
သုံးမျိုးထွက်လာဖို့ ရှိပါတယ်။ iPhone ရဲ့ Pro ဗားရှင်းဟာ iPhone 7 နဲ့ 
iPhone 7 Plus တို့ထက် မျက်နှာပြင်ပိုကြီးမလား မကြီးဘူးလားဆိုတာကိုတော့
 မသိရပါဘူး။ 
ဒါ့အပြင်
 ကောလဟာလသတင်းတွေမှာ ဖော်ပြနေတဲ့ ကင်မရာ နှစ်လုံးပါဝင်ခြင်း၊ iPad Pro 
မှာပါဝင်မဲ့ Smart Connector ကိုအသုံးပြုကာ ကြိုးမဲ့ စနစ်နဲ့ 
အားသွင်းခြင်း စတဲ့ အချက်တွေကိုလည်း အတိအကျ မသိရှိနိုင်သေးပါဘူး။ 
Ref: TNW
Aung Ko Htet (MMA)
#aungkohtet_mma
www.pyaephyo.com