6/24/2016

Facebook Live ကို MSQRD မှ filter များဖြင့် မကြာမီ အသုံးပြုနိုင်မည်



လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်းတွင် live video ရိုက်ကူးထုတ်လွှင့်မှုများကို MSQRD app မှ တိုက်ရိုက်ပြုလုပ်နိုင်ရန် Facebook က စီစဉ်လျက်ရှိသည်။ အဆိုပါ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်မှုများကို Snapchat ကဲ့သို့သော filter အမျိုးမျိုးဖြင့် ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ရိုက်ကူးထုတ်လွှင့်မှုအတွက် ပရိသတ်များကို friends သို့မဟုတ် public ဟူ၍ ရွေးချယ်နိုင်သည်။

Facebook သည် face-swapping app MSQRD ကို ဖန်တီးသည့် ဘီလာရုစ်ကုမ္ပဏီကို မတ်လက ဝယ်ယူခဲ့စဉ်က Facebook ဗီဒီယိုအတွေ့အကြုံကို ပိုမိုကောင်းမွန်စွာ ထောက်ပံ့နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုရေးကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

MSQRD နှင့် ပေါင်းစပ်ဆောင်ရွက်မည့်အစီအစဉ်ကို Facebook ၏ ထုတ်ကုန်ဒါရိုက်တာ ဖစ်ဂျီဆီမိုက နှစ်စဉ်ကျင်းပပြုလုပ်သည့် အွန်လိုင်းဗီဒီယိုကွန်ဖရင့်စ် VidCon တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

Ref: TheVerge
Credit Internetjournal

သီဟထိုက်




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com