6/24/2016

♪ တန်ဖိုး – ၄၄၉၀၀၀ ကျပ် - Sony Xperia Z2 ♫

xperia-z2-hero-purple-1240x840-ba08b7ef2ca09a550ee74a9b9dc1eead

တန်ဖိုးအသင့်သင့်ရှိတဲ့ စမတ်ဖုန်းထဲမှာတော့ ဒီတစ်ခါ Sony Xperia Z2 ကိုဖေါ်ပြပေးပ်မယ်။ဒီစမတ် ဖုန်း ကို  2014, February မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပြည်တွင်းဈေးကွက်ထဲကိုလည်းထိုအချိန် ကတည်းကရောက်ရှိခဲ့ခြင်းဖြစ်ကာ ယနေ့အချိန်အထိသုံးစွဲသူတွေရဲ့အာရုံကိုဖမ်းစားနိုင်တဲ့ စမတ်ဖုန်း တစ်မျိုးဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား 5.2 လက်မရှိပြီး ထိတွေ့မျက်နှာပြင်ကို IPS LCD capacitive touchscreen,ကိုတပ်ဆင်ပေးထားပါတယ်။ အရောင်ကိုလည်း ၁၆ ရောင်အထိရအောင် တစ်ပြိုင်နက်တည်းထုတ်ပေးနိုင်ပါတယ်။ကြည့်ရှုဖန်သားပြင်ကိုတော့ Shatter proof glass ကိုအသုံး ပြုထားတဲ့အတွက် အကြမ်းခံနှုန်းကတော့ သုံးစွဲဖူးတဲ့သူတိုင်းသတိထားမိကြပါလိမ့် မယ်။ဖျော်ဖြေရေး အပိုင်းတွေအနေနဲ့ကတော့ ဂိမ်းကစားတာ၊ဗီဒီယိုကြည့်တာ၊အခြား လုပ်ငန်းဆောင်တာတွေကိုဆောင် ရွက်ရာမှာ အသုံးချနိုင်ဖို့ Android OS, v4.4.2 (KitKat) ကိုသုံးစွဲပေးထားပြီး  v6.0 (Marshmallow) အထိအဆင့်မြှင့်တင်နိုင်ပါတယ်။

Chipset ကို Qualcomm MSM8974AB Snapdragon 801 နဲ့တည်ဆောက်ထားပြီး CPU Quad-core 2.3 GHz နဲ့မောင်းနှင်ပေးမည်ဖြစ်ကာ GPU Adreno 330 နဲ့အငါအားဖြည့်ပေးထားပါတယ်။ ဖုန်းအတွင်းမှတ်ဥာဏ်ပမာဏမှာ 16 GB, 3 GB RAM ၇ှိတဲ့အတွက် အချက်အလက်တွေကိုကောင်းကောင်း သိမ်းဆည်းနိုင်ပါတယ်။အကယ်၍ မလုံလောက်ဘူးဆိုရင်တော့ အပိုမှတ်ဥာဏ်ကို 256 GB အထိတိုးမြှင့်နိုင်ပါတယ်။

ကင်မရာပိုင်းတွေအနေနဲ့ကတော့ နောက်ကင်မရာ 20.7 MP နဲ့ ရှေ့ကင်မရာ 2.2 MP ရှိတဲ့အတွက် ကင်မရာပိုင်းအားသာချက်တွေကတော့ Sony မှာပိုမို တွေ့ရှိရမှာဖြစ်ပါတယ်။ဘက်ထရီအပိုင်းအနေနဲ့ Non-removable Li-Ion 3200 mAh ကိုသုံးစွဲထားတဲ့ အတွက် နာရီပေါင်း ၇၄၀ လောက်အားပြန်မဖြည့်ဘဲ ထား၇ှိနိုင်မှာဖြစ်ပြီး ဖုန်းချည်းဆက်တိုက်ပြောဆို မယ်ဆိုရင် ၁၉ နာရီနှင့်အထက်ပြောဆိုနိုင်ပြီး သီချင်းချည်းသီးသန့်နားဆင်မယ်ဆိုရင်တော့ နာရီပေါင်း ၁၂၀ အထိဆက်တိုက်နားဆင်နိုင်မှာဖြစ်ပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com