ဖုန်းပါဝါခလုတ်ပျက်သွားလို့ unlock လုပ်လို့မရတော့ဘဲ၊ စိတ်ညစ်နေရသူတွေအတွက် အမိုက်စား Android app လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
Air Unlock လို့ ခေါ်တဲ့ ဒီ Android app လေးဟာ ဖုန်းရဲ့ မိုက်ခရိုဖုန်းအပေါက်ထဲကို လေနဲ့ ခပ်ပြင်းပြင်းမှုတ်လိုက်တာနဲ့ ဖုန်းကို unlock လုပ်ပေးမှာပါ။ ဖုန်း lock ပြန်ကျသွားဖို့ကတော့၊ ဖုန်း settings ထဲမှာ Screen timeout အချိန်ကို စက္ကန့် ၃၀ လောက်ပေးထားလိုက်ရင် အဆင်ပြေပါတယ်။ ဒါဆို ဖုန်း ပါဝါခလုတ် အလုပ်မလုပ်လည်း၊ ဘာမှစိတ်ညစ်စရာမလိုဘဲ၊ ဖုန်းမိုက်ခရိုဖုန်းအပေါက်လေးထဲကို လေမှုတ် ထည့်လိုက်ရုံနဲ့ အလုပ်ဖြစ်ပါတယ်။
ပါဝါခလုတ်အကောင်းအတိုင်းရှိနေတဲ့လူတွေသုံးမယ်ဆိုရင်လည်း၊ သုံးပျော်တဲ့ app လေးဖြစ်ပြီး၊ Google Play Store မှာ အခမဲ့ရယူနိုင်ပါတယ်။ ဖိုင်ဆိုက်ကလည်း သေးသေးလေးဆိုတော့ ခဏလေးဒေါင်းလုဒ်ဆွဲလိုက် ရုံပဲပေါ့။
ဒီ app ကို အသုံးပြုပုံကတော့
Air Unlock ဆိုတဲ့ Android app လေးကို ရေးဆွဲသူ developer ကတော့ Codificador ဖြစ်ပြီး၊ တခြား အမိုက်စား app တွေကိုလည်း ရေးဆွဲထားတဲ့ စတူဒီယိုဖြစ်ပါတယ်။

- Google Play Store ကနေ Air Unlock ကို ဒေါင်းလုဒ်ဆွဲလိုက်ပါ။
- ဖုန်းမှာ Install လုပ်ပြီးရင်၊ Open လုပ်ပါ။
- App ၀င်ဝင်ချင်းမှာ On နဲ့ Off နှစ်မျိုးပဲရှိပြီး၊ သုံးချင်ရင် On လုပ်ထားပြီး၊ မသုံးချင်ဘူးဆိုရင် Off လုပ်ထားလိုက်ပါ။
- On လုပ်ပြီးသွားတာနဲ့ သင့်ဖုန်းကို lock လုပ်လိုက်ပြီး၊ ဖုန်းရဲ့ မိုက်ခရိုဖုန်းအပေါက်ကနေ လေမှုတ်သွင်း ကြည့်လိုက်ပါ။ (စပီကာအပေါက်မဟုတ်ဘဲ မိုက်ခရိုဖုန်းအပေါက်ကို လေမှုတ်ပေးရမှာဖြစ်ပါတယ်။)
- ဒီ app လေးဟာ Restart ချပြီးရင်လည်း အလိုအလျောက်ပွင့်နေမှာဖြစ်တာကြောင့် ပါဝါခလုတ် မကောင်းသူတွေအတွက် အဆင်ပြေပါတယ်။
Air Unlock ဆိုတဲ့ Android app လေးကို ရေးဆွဲသူ developer ကတော့ Codificador ဖြစ်ပြီး၊ တခြား အမိုက်စား app တွေကိုလည်း ရေးဆွဲထားတဲ့ စတူဒီယိုဖြစ်ပါတယ်။
www.pyaephyo.com