6/22/2016

♪ သုံးစွဲသူပေါင်း ၃၄၅၀၀ ဦးရဲ့ ခရက်ဒစ်ကတ်အချက်အလက်တွေ ပါသွားခဲ့တဲ့ Acer ၀ဘ်ဆိုဒ်အဟက်ခံရမှု ♫


Acer ကုမ္ပဏီရဲ့ ၀ဘ်ဆိုဒ်အဟက်ခံရမှုကြောင့် Acer သုံးစွဲသူပေါင်း ၃၄၅၀၀ ဦးရဲ့ ခရက်ဒစ်ကတ်အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ် မေလ ၁၂ ရက်ကနေ၊ ၂၀၁၆ ဧပြီလ ၂၈ ရက်နေ့အတွင်း Acer ၀ဘ်ဆိုဒ်ကနေ လက်ပ်တော့ဝယ်ယူခဲ့သူအားလုံးရဲ့  နာမည်၊ နေရပ်လိပ်စာ၊ ခရက်ဒစ်ကတ်နံပါတ်၊ သက်တမ်းကုန်မည့်ရက် နဲ့ ၀ယ်ယူသူရဲ့ လှို့ဝှက်ဂဏန်းသုံးလုံးကုဒ်တွေဟာ အခုဆိုရင် ဟက်ကာတွေလက်ထဲ ရောက်နေနိုင်ခြေရှိတယ်လို့ Acer က ၀န်ခံပြောကြားလိုက်ပါတယ်။

Acer ဟာ အခုလို အဟက်ခံလိုက်ရတဲ့ သုံးစွဲသူ customer ပေါင်း ၃၄၅၀၀ ဦးဆီကို သတိပေးအကြောင်းကြားစာတွေ ပို့ပေးခဲ့ပြီး၊ အဟက်ခံခဲ့ရသူအများစုဟာ US ၊ Canada နဲ့ Puerto Rico တို့က ဖြစ်တယ်လို့ သိရပါတယ်။

Acer ရဲ့ ပြောကြားချက်အရ၊ လူမှုလုံခြုံရေးနံပါတ်၊ log in ၀င်ရောက်တဲ့ username နဲ့ password တွေတော့ ပေါက်ကြားခြင်းမရှိခဲ့ဘဲ၊ နာမည်၊ လိပ်စာ၊ ကတ်နံပါတ်၊ သက်တမ်းကုန်မည့်ရက်နဲ့ ဂဏန်းသုံးလုံးကုဒ်နံပါတ် တွေသာ ပေါက်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခု Acer အဟက်ခံရမှုဟာ မနှစ်က Sony အဟက်ခံရတာလောက် ဆိုးဆိုးရွားရွားကြီးမဟုတ်ပေမယ့်၊ ကုမ္ပဏီတွေအနေနဲ့ ၎င်းတို့ရဲ့ ခိုင်မာမှုမရှိတဲ့အင်တာနက်လုံခြုံရေးအပိုင်းကို ပိုမိုအာရုံစိုက်အောင် သတိပေးနိုင်ခဲ့ပါတယ်။ ဘယ်ပုံဘယ်နည်း ၀ဘ်ဆိုဒ်အဟက်ခံခဲ့ရတာလဲဆိုတာ Acer က ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေမယ့်၊ ဒီလိုအဖြစ်မျိုးဟာ များသောအားဖြင့် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ယောက်က အန္တရာယ်ရှိအီးမေးလ်တွေကို ဖွင့်နှိပ်မိတာမျိုးတွေကနေ ဖြစ်လေ့ရှိပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com