6/24/2016




နည်းပညာ ကုမ္ပဏီကြီးဖြစ်သော Tencent ဦးဆောင်သော ရင်းနှီးမြှုပ်နှံမှု အဖွဲ့တစ်ခုသည် နာမည်ကျော် မိုဘိုင်းဂိမ်း Clash of Clans ကို ဖန်တီးသော ဖင်လန်နိုင်ငံ အခြေစိုက် ဂိမ်းကုမ္ပဏီ Supercell ၏ ရှယ်ယာအများစုကို ဒေါ်လာ ၈.၆ ဘီလျံဖြင့် ဝယ်ယူသွားမည် ဖြစ်သည်။
Tencent နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များသည် ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ SoftBank အပြင် အစုရှယ်ယာရှင်များနှင့် Supercell ဝန်ထမ်းဟောင်းများပိုင်ဆိုင်သော ကုမ္ပဏီ၏ ရှယ်ယာ ၈၄.၃ ရာခိုင်နှုန်းကို ဝယ်ယူသွားမည်ဖြစ်သည်။

Supercell သည် ခြောက်နှစ်အတွင်း နာမည်ကျော် Clash of Clans ဂိမ်းအပြင် Hay Day, Boom Beach နှင့် Clash Royale ဂိမ်းတို့ကိုလည်း ဖြန့်ချိခဲ့သည်။ Clash of Clans နှင့် Clash Royale ဂိမ်းတို့မှာ ဒီဂျစ်တယ်ဂိမ်းဈေးကွက်တွင် အောင်မြင်မှုအရရှိဆုံး ဂိမ်းများဖြစ်သည်။
အဆိုပါ ဝယ်ယူမှုသည် ဂိမ်းလောကတွင် ဦးဆောင်နေသည့် တရုတ်ကုမ္ပဏီ Tencent အတွက် နောက်ဆုံးပေါ် ဝယ်ယူမှုတစ်ခုဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် Tencent သည် League of Legends ဂိမ်းကို ဖန်တီးသည့် Riot Games အား ဝယ်ယူခဲ့သည်။

Ref: CNNMoney
Credit Internetjuournal

သီဟထိုက်
www.thihahtike.com






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com