6/23/2016

♪ Helio X20 Chipset ပါဝင်လာမယ့် Xiaomi Redmi 4 ♫


Xiaomi ရဲ့ Redmi စီးရီးဟာ Android ဖုန်းတွေရဲ့ ဈေးကွက်မှာ ဆွဲဆောင်မှုအားအကောင်းဆုံး ဖုန်းတွေထဲမှာ ပါဝင်လာပါတယ်။ တန်ဖိုးသင့်တင့်မှု၊ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ ဒီဇိုင်း၊ စတာတွေက လူတိုင်းကို စိတ်ဝင်စားစေတဲ့ အချက်အလက်တွေပါပဲ။

Redmi 2 ဟာ ဈေးနှုန်း ဒေါ်လာ ၁၀၀အောက် တန်ဖိုးသင့်ဖုန်းတွေထဲမှာ အကောင်းဆုံးစမတ်ဖုန်းဆုကို ပြီးခဲ့တဲ့ ကမ္ဘာ့မိုဘိုင်းလ်ကွန်ဂရက် (MWC) ပွဲမှာ ရရှိခဲ့ပါပြီး ဈေးကွက်ထဲမှာ အောင်မြင်မှု ကြီးမားစွာ ရရှိခဲ့ပါတယ်။

Redmi 3 ဟာဆိုရင်လည်း အမျိုးအစား သုံးမျိုးထုတ်လုပ်ခဲ့ပါတယ်။ သာမန် Redmin 3 က Snapdragon 616 Chipset နဲ့ 2GB RAM, 16GB Storage တို့ပါဝင်ပြီး၊ Redmi 3 Pro ကတော့ 3GB RAM, 32 GB Storage နဲ့ Fingerprint Sensor တို့ပါဝင်ပါတယ်။ Redmi 3s အသစ်ကတော့ Snapdragon 430 Chipset, 3 GB RAM နဲ့ Fingerprint Scanner တို့ပါဝင်ပါတယ်။

အဲ့ဒီအပြင် Xiaomi ဟာ Redmi စီးရီး ဖြစ်တဲ့ Redmi 4 ကိုလည်းအတတ်နိုင်ဆုံး ဆွဲဆောင်မှုရှိအောင် ပြုလုပ်ထားလိုတဲ့ ဆန္ဒရှိပုံရပါတယ်။ MediaTek ကနေထွက်ပေါ်လာတဲ့ ဒီပစ္စည်းနဲ့ပတ်သက်တဲ့ သတင်းတစ်ရပ်အရ Redmi 4 ကို Helio X20 Chipset နဲ့ Deca-Core Processor ကိုအသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။
Helio-X20-1

တခြားဖုန်းနဲ့ ပါတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ရေးမထားပေမယ့် ဒီစာရင်းဟာ အရင် Redmi သမိုင်းကိုပဲ ဆက်လက်ထိမ်းသိမ်းမယ့်ပုံပေါ်ပါတယ်။ ဖုန်းဟာ သတ္တုနဲ့ပြုလုပ်ထားမှာဖြစ်ပြီး မျက်နှာပြင် အလယ်အလတ် အရွယ်အစား (၅လက်မခန့်) နဲ့ ထုတ်လုပ်ဖွယ်ရှိနေပါတယ်။

Redmi 4 ကို နောက်နှစ်မတိုင်ခင်ထုတ်လုပ်မှာဖြစ်ပေမယ့် စောပြီးလည်းထွက်လာနိုင်တာမို့ သတင်းတွေထွက်ပေါ်နေတာကတော့ အံ့အားသင့်စရာမရှိပါဘူး။ Xiaomi ရဲ့ ထုံးစံအတိုင်း ဘယ်လိုမျိုး အံ့အားသင့်ဖွယ် ရှိဦးမယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com