ပြောင်းလဲနေတဲ့ နည်းပညာလောကကြီးမှာ အမျိးမျိးသော Social network acoount များကို လူတိုင်းလိုလိုအသုံးပြုနေကြပါတယ်။ အဲလိုအသုံးပြုရင်း အချို့ဟာ မိမိတို့ရဲ့ account များကို Sign-in တစ်ခါဝင်ပြီး တော်တော်များများဟာ Sign-out ပြုလုပ်ခြင်းမရှိတာကိုတွေ့ရပါတယ်။ ဒီလိုအသုံးပြုခြင်းဟာ cofirmation နံပါတ်တွေနဲ့ activate လုပ်ပြီးသုံးရတဲ့ apk တွေတွက်တော့ အဆင်ပြေပေမဲ့ Account & Passwrod နဲ့သုံးရတဲ့ apk တွေအတွက်တော့ အဆင်မပြေလှပါဘူး။
အမျိုးစားများစွာရှိတဲ့အထဲက Facebook နဲ့နှိုင်းပြီးပြောပြပေးပါမယ်။ အချို့ဟာ Facebook ကို Sign-in ၀င်ပြီး အချိန်ကြာမြင့်စွာအသုံးပြုရင်း Sign-out မပြုလုပ်တာကြာတော့ error တစ်ခုခုကြောင့် Sign-in ပြန်ဝင်တဲ့အခါမှာ Password ကိုမေ့တက်ကြပါတယ်။ နောက်ပြီး password တစ်ခုထဲအမြဲ တမ်းအသုံးပြုတာဟာ စိတ်မချရပါဘူး။ အချိန်မရွေး အမျိုးမျိုးသော ရန်ကိုလဲကြောက်ရပါသေးတယ်။
ဒါကြောင့် Account & Password တွဲဖက်အသုံးပြုရတဲ့ social network တွေမှာဆိုရင် password လေးပြောင်းလဲအသုံးပြုခြင်းဖြင့် မိမိတို့ရဲ့ password မေ့တက်ခြင်း ပြသနာကိုကာကွယ် နိုင် ကြစေရန် အကြံပြုပေးလိုက်ပါတယ်။
အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )

www.pyaephyo.com