6/12/2016

♪ Facebook မှာ ၃၆၀ ဒီဂရီ လှည့်ကြည့်လို့ရတဲ့ ဓာတ်ပုံတွေ တင်နိုင်ပြီ ♫


အမိုက်စား feature တွေ တစ်ခုပြီးတစ်ခုပေးနေတဲ့ Facebook ကတော့ အခုအခါ နောက်ထပ်အမိုက်စား feature တစ်ခု ထပ်မံထုတ်ပေးလိုက်ပါပြီ။

“360-degree photo” လို့ အမည်ပေးထားတဲ့ ယခု feature အသစ်မှာ Facebook အသုံးပြုသူတွေအနေနဲ့ ၃၆၀ဒီဂရီလှည့်ကြည့်လို့ရတဲ့ဓာတ်ပုံတွေကို Facebook မှာ တင်နိုင်/ကြည့်နိုင်မှာဖြစ်ပြီး၊ ကိုယ်အပြင်မှာ တကယ်ရောက်ရှိနေသလိုခံစားရမယ့်အမိုက်စား feature ဖြစ်ပါတယ်။

Android ကော iOS အတွက်ပါ ထုတ်ပေးခဲ့တာဖြစ်ပြီး၊ ဖုန်းကနေဆို မိမိ Facebook app ကို နောက်ဆုံး update လုပ်ပေးဖို့ လိုအပ်ပါတယ်။

ကျနော်တို့စမ်းသပ်ထားချက်အရ၊ မြန်မာနိုင်ငံမှာတော့ လောလောဆည် ကွန်ပြူတာ PC ကနေသာ 360-degree ဓာတ်ပုံတွေ ကြည့်နိုင်သေးပြီး၊ ဖုန်းတွေမှာတော့ update လုပ်ပြီးတာတောင် မရသေးတာတွေ့ရပါတယ်။ ခဏပဲ စောင့်လိုက်ပါ။ မကြာခင်ရလာမှာဖြစ်ပါတယ်။

360-degree ဓာတ်ပုံတွေ Facebook မှာ ကိုယ်တိုင်တင်ချင်တဲ့လူတွေအနေနဲ့၊ ဖုန်းကနေ ပန်နိုရားမား (Panorama) ဓာတ်ပုံတစ်ပုံရိုက် ၊ ဒါမှမဟုတ် ဖုန်း 360 camera app တစ်ခုခုနဲ့ ဓာတ်ပုံတစ်ပုံရိုက်ပြီး၊ Facebook မှာ တန်း upload လုပ်လိုက်ရုံပါပဲ။ Facebook က အလိုလို 360-degree photo အဖြစ် ပြောင်းပေးသွားမှာဖြစ်ပါတယ်။ နာမည်ကြီးပုဂ္ဂိုလ်တွေပဲ လက်ရှိမှာ 360-degree ဓာတ်ပုံတွေ upload လုပ်နိုင်သေးပြီး၊ လူတိုင်း upload လုပ်နိုင်ဖို့ကတော့ ရက်အနည်းငယ်စောင့်ပေးဖို့လိုတယ်လို့ သိရပါတယ်။

ကွန်ပြူတာမှာဆို 360-degree ဓာတ်ပုံပေါ်မှာ မောက်စ်ကို ဘယ်ညာဆွဲလိုက်ရုံနဲ့ ကြည့်နိုင်ပြီး၊ ဖုန်းနဲ့ဆိုရင်တော့ ဖုန်းကို လှည့်ပြီး (သို့မဟုတ်) လက်နဲ့ ဘယ်ညာဆွဲပြီး ပတ်ကြည့်နိုင်မှာဖြစ်ပါတယ်။ 360-degree ဓာတ်ပုံဆိုရင် ပုံမှာ သံလိုက်ပုံ icon လေး ပေါ်နေပါလိမ့်မယ်။



Facebook ရဲ့ ပြောကြားချက်အရ၊ ယခု 360-degree ဓာတ်ပုံတွေကို VR headset တွေနဲ့လည်း ကြည့်နိုင်ပြီး၊ သင့်မှာ VR headset တစ်ခုခုရှိတယ်ဆိုရင်၊ အပေါ်ဘယ်ဘက်ထောင့်မှာရှိတဲ့ “View in VR” ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။

Facebook ဟာ 360-degree ဗီဒီယိုတွေကို စက်တင်ဘာလတုန်းက စတင်ထည့်ပေးခဲ့တာဖြစ်ပြီး၊ ယခုအခါ 360-degree ဓာတ်ပုံတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com