6/11/2016

♪ ဆက်သွယ်ရေးဝန်ဆောင်မူလုပ်ငန်းများမှ ၀န်ထမ်းခေါ်ယူမှုပုံမှန်ထက်မြင့်တက် ♫

work.com.mm

ပြီးခဲ့သည့်မေလအတွင်းဆက်သွယ်ရေးဝန်ဆောင်မူဆိုင်ရာလုပ်ငန်းများမှဝန်ထမ်းခေါ်ယူမှုမြင့်တက် လာ ကြောင်း အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ် work.com.mm မှသတင်းထုတ်ပြန်သည်။၎င်းဝက်ဘ်ဆိုဒ်မှလစဉ်အလုပ်အကိုင်စစ်တမ်းကိုထုတ်ပြန်ပေးလျက်ရှိရာတွင် မေလ စစ်တမ်းအရဆက်သွယ်ရေးဆိုင်ရာ ၀န် ဆောင်မူလုပ်ငန်း၊ဆောက်လုပ်ရေးနှင့်ဈေးကွက်ဖြန့်ချီရေးတို့များပြားခဲ့ကြောင်းသိရသည်။ယင်းကဲ့သို့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများမှဝန်ထမ်းခေါ်ယူမြင့်တက်လာရခြင်းမှာမြန်မာနိုင်ငံ၏ဆက်သွယ်ရေး ကဏ္ဍဖွံဖြိုးတိုးတက်လာရန်အတွက်နည်းလမ်းသစ်များ၊အစီအစဉ်သစ်များတိုးချဲ့လာသည့်အပြင်၊ဈေးကွက် လိုအပ်ချက်အလိုက်ဝန်ဆောင်မှုများချဲ့ထွင်လာသည့်အတွက်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းလည်း work.com.mm ကသုံးသပ်ထားသည်။ပြီးခဲ့သည့်မေလအတွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကြီးများအနေဖြင့် Onlineတွင် သာမကOffLineအလုပ်အကိုင်ပြပွဲများပြုလုပ်၍ ၀န်ထမ်းများခေါ်ယူခဲ့မှုများလည်းရှိခဲ့သည်။ မန္တလေးမြိုတွင် မေလအတွင်းက work.com.mm မှပြုလုပ်ခဲ့သောဆက်သွယ်ရေးလုပ်ငန်းဆိုင်ရာ သီးသန့်အလုပ်အကိုင်ပြပွဲစာရင်းအရဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကြိးများအနေဖြင့် အရာင်း၊နည်းပညာနှင့်စားသုံးသူအထောက်အကူပြု( Customer support)လုပ်ငန်းများအတွက် ၀န်ထမ်းခေါ်ယူမှုရာနှင့်ချီ၍ရှိခဲ့ကြောင်းလည်းသိရသည်။ယခုလဇွန်လအတွင်း တွင်လည်းဝန်ထမ်းလိုအပ်ချက်အရ ၄င်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်မှMPTနှင့်ပူးပေါင်း၍လည်းဆက် သွယ်ရေးသီးသန့်အလုပ်အကိုင်ပြပွဲတခုကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
မေလအတွင်းခေါ်ယူမူအများဆုံးအလုပ်အကိုင်များမှာ-အရောင်းကျွမ်းကျင် ၊ စာရင်းကိုင်/ဘဏ္ဏာရေး နှင့်မားကတ်တင်း တို့ကအများဆုံးဖြစ်ပြီး အလုပ်လျောက်ထားသူများဘက်မှ အလျောက်ထားဆုံးအလုပ် အကိုင်များမှာ အိုင်တီ၊စာရင်းကိုင်နှင့်မာကတ်တင်း တို့ကလည်းအများဆုံးဖြစ်ကြောင်းသိရသည်။ဝန်ထမ်းခေါ်ယူ မှုအများဆုံးလုပ်ငန်းကြီးများမှာ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ဆောက်လုပ်ရေး၊ ဈေးကွက်ဖြန့်ချီရေး၊ သွင်းကုန်/ထုတ်ကုန်လုပ်ငန်း နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးများကအများ ဆုံးဖြစ်ကြောင်းသိရသည်။ အလုပ်ရှာဖွေမှု ကျား၊မ အချိုးအစားစစ်တမ်းအရ အမျိုးသားဦးရေးမှာ 57% နှင့် အမျိုးသမီးဦးရေမှာ 43% ဖြစ်ကြောင်း သိရသည်။မေလအတွင်း ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်၊ ပုဂံ နှင့် မကွေးမြို့တို့ဘက်မှ ၀န်ထမ်းခေါ်ယူမှုများခဲ့ကြောင်းစစ်တမ်းကဖော်ပြနေသည်။။ အဆိုပါစစ်တမ်းကို အလုပ်ရှာဖွေသူများ နှင့်ဘွဲ့ ကြို၊ဘွဲ့ ရပြီးစလူငယ် များအတွက်ပြည်တွင်းအလုပ်အကိုင်ဈေးကွက်အခြေအနေကို သုံးသပ်လေ့လာ ပြီးမိမိ၏ပညာရေးနောက်ခံ၊ခေတ်စနစ်နှင့် ကိုက်ညီသောအသက်မွေးဝမ်းကြောင်းများ ကိုရွေးချယ်လျောက်ထား နိုင်ရန်ရည်ရွယ်၍လစဉ် ထုတ်ပြန်ပေးလျှက်ရှိကြောင်း work.com.mm မှပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး မန်နေဂျာ မဇင်မာသက်မွန်ကပြောသည်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com