6/11/2016

♪ Zuckerberg ရဲ့ Twitter, Pinterest အကောင့်များ ဟက်ခံရ ♫

၂

Facebook ရဲ့ ဂုရု Zuckerberg ရဲ့ Twitter, Pinterest အကောင့်များ ဟက်ခံလိုက်ရ ပါတယ်။ ဆော်ဒီအာရေးဗီးယားမှ OurMine လို့ အမည်ရတဲ့ ဟက်ကာအဖွဲ့က ခိုးယူဖောက်ထွင်းလိုက် တာပါ။ ဟက်ကာအဖွဲ့က Zuckerberg ရဲ့ Twitter အကောင့်မှာ သူ့ရဲ့ Password ကို ရေးသားပြီး Tweet လုပ်ခဲ့ပါတယ်။

ဟက်ကာအဖွဲ့က မကြာမီက LinkedIn ဒေတာများ ပေါက်ကြားမှုကနေ Zuckerberg ရဲ့ Password ကို ဖော်ထုတ်နိုင်ခဲ့တာပါ။ သူ့ရဲ့ Password က ဖောက်ထွင်းရ အလွန်လွယ်ကူတဲ့ “ dadada” ပါပဲ။ OurMine ဟာ Twitter မှာ Follower ပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။ Zuckerberg ဟာ Twitter မှာ ပို့စ်မတင်တာ ၂၀၁၂ ခုနှစ်ကတည်းကပါ။

ဟက်ကာအဖွဲ့ က သူ့ရဲ့ Instagram အကောင့်ကိုလည်း ဖောက်ထွင်းနိုင်တယ်လို့ ပြောပေမယ့် Facebook ကတော့ လုံခြုံမှုရှိကြောင်း ပြောပါတယ်။ အဲဒီအတွက် Password များကို ရှုပ်ထွေးခက်ခဲအောင် ဖန်တီးထားသင့်ပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com