7/01/2015

♪ Sony Xperia C4 ရဲ့ အားသာချက် အားနည်းချက် သုံးသပ်ချက် နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ဖုန်းမှာဖွဲ့စည်း တည်ဆောက်ထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်ပိုင်းတွေမှာ ကောင်းမွန်မှု ရှိနေပါတယ်။ ကင်မရာကလည်း Mega Pixel မြင့်မားတဲ့ ကင်မရာကို အသုံးပြုထားတာဖြစ်ပြီး ဂရပ်ဖစ်
စနစ်အတွက်လည်း BRAVIA Engine 2 ပါဝင်တဲ့အတွက် ပုံရိပ်ဖော်ဆောင်မှု ဂရပ်ဖစ်ပိုင်းမှာ ကောင်းမွန်ပါတယ်။ ဖုန်းကိုကာကွယ်မှု တစ်ခုအနေနဲ့ ပွန်းရှခြင်းတွေကို ခံနိုင်ရည်ရှိတဲ့ နည်းပညာကို အသုံးပြုထားတဲ့အတွက် အကြမ်းခံနိုင်တဲ့ ဖုန်းလို့ဆိုရမှာပါ။ ဖုန်းရဲ့ ရှေ့ကင်မရာမှာ Flash
မီးပါဝင်ပြီး ဒီ Flash ဟာ ကင်မရာရဲ့ Flash မီးတစ်ခုလို အသုံးပြုနိုင်တဲ့အပြင် မီးတစ်ခုလိုလည်း ဖွင့်ထားနိုင်မှာ ဖြစ်တဲ့အတွက် အလင်းအားနည်းတဲ့ နေရာတွေမှာ Selfie ကိုကောင်းကောင်း ရိုက်နိုင်ပါလိမ့်မယ်။

အားနည်းချက်
ဖုန်းမှာ မြန်မာစာစနစ်ဟာ တစ်ပါတည်း မပါဝင်ပါဘူး။ ပြည်တွင်းက Sony Showroom မှဇော်ဂျီ မြန်မာစာစနစ်ကို ပြန်လည်ထည့်သွင်း ပေးမှာဖြစ်ပါတယ်။

ဒီဇီုင်း
C Series ဖုန်းတွေရဲ့ ထုံစံအတိုင်းပဲ မျက်နှာပြင်ကျယ်ကျယ် ပုံစံမျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးဟာ ပလတ်စတစ်ကိုယ်ထည် နဲ့ဖွဲ့စည်းတည်ဆောက် ထားတာဖြစ်ပြီး ကိုယ်ထည်ကို အလွယ်တကူ ပွန်းရှခြင်းတွေကနေ ကွာကွယ်နိုင်မယ့် နည်းပညာကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ Sim Slot နှစ်ခုနဲ့ SD Card Slot အားလုံးကို ဖုန်းရဲ့ညာဘက် ဘေးဘောင်မှာ အားလုံးပေါင်းစည်း ပေးထားပြီး ပါဝါခလုတ်ကတော့ Slot တွေရဲ့ အောက်ဘက်မှာ ရှိနေပါတယ်။ စပီကာကတော့ ဖုန်းရဲ့ နောက်ကျောဘက်ကာဗာ အောက်နားမှာ ရှိပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၅.၀၃ စင်တီမီတာရှိပြီး ဘေးတိုက်မျက်နှာပြင် အကျယ်ကတော့ ၇.၇၄ စင်တီမီတာ ရှိပါတယ်။ ထုထည်ကတော့ ၀.၇၉ စင်တီမီတာ ဖြစ်တဲ့အတွက် ပါးတယ်လို့ဆိုရမယ့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး အလေးချိန်က ၁၄၇ ဂရမ်ဖြစ်တဲ့အတွက် ပေါ့ပါးပါတယ်။

ကွန်ရက်
GSM 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်ပြီး Nano Sim နှစ်ကတ်ထည့်သွင်း အသုံးပြုနိုင်မယ့် Dual Sim ဖုန်းအမျိုးအစားပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၅.၅ လက်မရှိပြီး ပုံမှန် IPS LCD အမျိုးအစားပါ။ Screen Resolution အနေနဲ့ 1080 x 1920 Pixel (~401 ppi pixel density) ရှိပါတယ်။

နည်းပညာ
ကင်မရာ နည်းပညာ ပိုင်းမှာလည်း စုံလင်တဲ့ဓာတ်ပုံ Effect တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ကင်မရာမှာ အသုံးပြုရမယ့် စနစ်တွေကို သီးခြားဖော်ပြ ပေးထားပြီး ထပ်မံလိုအပ်တဲ့ ကင်မရာအသုံးပြု စနစ်တွေကိုလည်း အွန်လိုင်းကနေ ရယူအသုံးပြုနိုင်တဲ့ ပုံစံမျိုးပြုလုပ် ပေးထားတာပါ။ Superior Auto စနစ်၊ Manual စနစ်၊ AR effect အစရှိတဲ့ စနစ်တွေ ပါဝင်နေပါတယ်။ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံတွေကို အွန်လိုင်းနဲ့ ချိတ်ဆက်ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်ကို တိုက်ရိုက် Sharing ပြုလုပ်နိုင်မယ့် Social Live ဆိုတဲ့ စနစ်တွေကလည်း အသုံးပြုသူတွေ ထိတွေ့ရမယ့် နည်းပညာတွေ  ပဲဖြစ်ပါတယ်။ Selfie စနစ်အတွက် စိတ်ကြိုက် မျက်နှာပုံစံတွေကို ပေါင်းစပ်ထည့်သွင်းနိုင်မယ့် AR Mask စနစ်၊ Sound Photo စနစ်အပြင် အခြားကင်မရာ အသုံးပြုနည်းပညာ တွေစုံစုံလင်လင် ပါဝင်နေတာ တွေ့ရမှာပါ။ ရှေ့ကင်မရာမှာ ပါဝင်တဲ့ Flash ဟာ Flash မီးတစ်ခုလို အသုံးပြုနိုင်တဲ့အပြင် အလင်းအားနည်းချိန်မှာ မျက်နှာကို မီးထိုးထားပြီး ဓာတ်ပုံရိုက်သလိုမျိုး စလိုက်မီးတစ်ခု အနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ်မှာ Stamana Mode အပြင် Ultra Stamana Mode ပါဝင်လာပါတယ်။ ပါဝါအသုံးပြု ခြင်းအတွက် စိတ်ကြိုက်ထိန်းချုပ် အသုံးပြုနိုင်မှာပါ။

အသေးစိတ်ဖော်ပြချက်
Octa-core 1.7 GHz Cortex-A53 CPU ကို အသုံးပြု ထားတာဖြစ်ပြီး ဂရပ်ဖစ် စနစ်အတွက်လည်း Mali T760MP2 GPU အပြင် Sony ရဲ့ BRAVIA Engine2 စနစ်ကိုပါ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 16GB ပါဝင်ပြီး RAM ကတော့ 2GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြု ဖို့အတွက်တော့ Micro SD ကို 128GB ထိထပ်မံ ထည့်သွင်းအသုံးပြု နိုင်ပါတယ်။ OS ကတော့ Android OS Version 5.0 ကိုအသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 13 Mega Pixel နဲ့ရှေ့ကင်မရာကတော့ 5 Mega Pixel ရှိပါတယ်။ Bluetooth v4.1, A2DP, apt-X စနစ်နဲ့ micro USB v2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-Ion 2600 mAh ဘက်ထရီကို အသုံးပြုထားတာပါ။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ ဖုန်းတွင်းအသုံးပြု Hardware စနစ်ပိုင်းတွေနဲ့  ကင်မရာပိုင်းတွေမှာ မြင့်မားကောင်းမွန် ပါတယ်။ ရှေ့ကင်မရာမှာ Flash ပါဝင်တဲ့အတွက် Selfie သမားတွေ အကြိုက်တွေ့မယ့် ဖုန်းဖြစ်ပြီး ကိုင်တွယ်အသုံးပြု ချိန်မှာလည်း အလေးချိန်နဲ့ ပါးလွှာမှုက ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းမှာ စနစ်တွေ စုံစုံလင်လင် ပါဝင်နေပြီး ပါဝါအသုံးပြုနှုန်းအတွက် ကောင်းကောင်းထိန်းချုပ် ထားနိုင်ပါတယ်။ မြန်မာစာ တစ်ပါတည်း မပါဝင်လာတဲ့အတွက် Showroom ကသွင်းပေးတဲ့ မြန်မာစာစနစ်ကိုပဲ အသုံးပြုရ ပါလိမ့်မယ်။
 
Device Support : Alpha Technology
Price : 369,000 Kyats
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com