ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ၏ယခု Flip Touch Smart Phone သည်
၎င်းတို့၏ ထုတ်ကုန်များအပေါ်အမြဲဂရုပြုကြောင်းပေါ်လွင်စေသည့်အပြင်
သုံးစွဲမျိုးစုံ လူကြီး လူငယ် အရွယ်စုံ အပြင် ဈေးနူန်း
အလိုက်အသုံးပြုနိုင်အောင် လည်းထုတ်လုပ်လေ့ရှိသည်။
ယခုအခါ Touch ဖုန်းများခေတ်စားလာသည်နှင့်အညီ စမတ်ဖုန်းထုတ်သည့် ကုမ္ပဏီ များသည် အဆိုပါခလုတ်နှင့်ခေါက်ဖုန်းများကိုထုတ်လုပ်မှုများရပ်ဆိုင်းလာခဲ့ကြသည်။ ယခု samsung ထုတ် Flip ဖုန်းမှာ သာမန် ဖုန်းအမျိုးအစားမဟုတ်ပဲအဆင့်မြင့် ပစ္စည်း များဖြင့်ဆင်ယင်ထားသည်။ 3.9 " မျက်နှာပြင်နှစ်ဘက်ပါရှိသော Dual Screen Type ဖြစ်သည်။
CPU ကို LG G4 တွင်တပ်ဆင်ထားသော Hexa-core Snapdragon 808 ကိုအသုံးပြုထားပြီး RAM 2 GB ဖြင့်မောင်းနှင်ထားသည်။16 GB Internal Memory ပါဝင်သည်အပြင် MicroSD ထပ်မံ အသုံးပြု နိုင်သေးသည်။ 13 MP ပင်မကင်မရာ ဖြစ်ပြီး မျက်နှာပြင်ကင်မရာကို 5MP တပ်ဆင် ထားသည်။
Galaxy S5 တွင်ပါဝင်သကဲ့သို့ နှလုံး ခုန်နူန်းတိုင်းတာနိုင်သော Heart Rate Sensor ပါရှိသည်။ Android version 5.1.1 ဖြင့်စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး ဈေးနူန်း သတ်မှတ်ပေးထားခြင်းမရှိသေးပေ။
Credit to ==> Phone News Up To Date