7/06/2015

♪ Oppo က တန်ဖိုးနည်း Joy 3 ကို မိတ်ဆက် ♫


Oppo က တန်ဖိုးနည်း Joy အမျိုးအစား စမတ်ဖုန်းအသစ်တစ်လုံး ဖြစ်သည့် Joy 3 စမတ်ဖုန်းကို သူ၏ ၀က်ဆိုက်တွင် မိတ်ဆက်လိုက်ပါသည်။

Oppo Joy 3 တွင် ၄.၅ လက်မ IPS TFT Display ( 854x480) , Quad-Core 1.3GHz MediaTek Chipset, 1GB RAM တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကို ColorOS 2.0 နှင့် ပူးတွဲ အသုံးပြုထားပါသည်။ 4GB Storage ပါရှိပြီး microSD Card ထည့်သွင်းနိုင်ပါသည်။ HD Video များကို ရိုက်ကူးနိုင်သော 5MP ကင်မရာကို အနောက်ဘက်တွင် တပ်ဆင်ပေးထားပြီး HDR, Panorama , Beautify နှင့် အခြား Mode များပါရှိပါသည်။ Burst Mode ဖြင့် ဓါတ်ပုံများစွာကို တစ်ပြိုင်နက် ရိုက်ကူးနိုင်ပြီး GIF များ ပြုလုပ်နိုင်ပါသည်။ အရှေ့ဘက်တွင် 2MP Camera ပါရှိပါသည်။

Joy 3 တွင် SIM Card နှစ်ခု ထည့်သွင်းနိုင်ပြီး Slot တစ်ခုတွင် 3G ကို အသုံးပြုနိုင်ပါသည်။ အခြား စွမ်းဆောင်ချက်များ အနေဖြင့် WiFi 802.11 b/g/n, Bluetooth 4.0, GPS, USB OTG တို့ ပါရှိပါသည်။ 2000mAh Battery ထည့်သွင်းထားပါသည်။
Oppo Joy 3 ၏ ဈေးနှုန်းကို မသိရသေးပါ။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com