4/02/2015

♪ Xiaomi က Mi Note Natural Bamboo Edition ကို ရောင်းချ ♫

1

Xiaomi က Mi Note Natural Bamboo Edition ကို ဒေါ်လာ ၃၇၀ ဖြင့် ရောင်းချပေးမည်ဟု ကြေညာ ပါသည်။ ယခုအမျိုးအစားသည် မူလအမျိုးအစားနှင့် Specification အပိုင်းတွင် တူညီပါသည်။

Mi Note Natural Bamboo Edition တွင် Quad-Core Qualcomm Snapdragon 801 SoC Chipset, 5.7” IPS Full HD Display ( 1080×1920) တပ်ဆင်ထားပါသည်။ မျက်နှာပြင်၏ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၈၆ ဖြစ်ပါသည်။ SIM Slot နှစ်ခု စလုံးတွင် 4G Network ကို အသုံးပြုနိုင်ပါသည်။

3GB RAM ပါရှိပြီး MIUI v.6 နှင့် Android 4.4.4 KitKat တို့ကို ပေါင်းစပ်ထည့်သွင်းထားပါသည်။ အနောက်ဘက်တွင် LED Flash နှစ်ခုနှင့် 4K Video များကို ရိုက်ကူးနိုင်သော 13MP Camera ပါရှိပါသည်။ အရှေ့ဘက်တွင် 4MP Camera တပ်ဆင်ထားပြီး 3000mAh Battery ပါရှိပါသည်။

Mi Note Natural Bamboo Edition ကို တရုတ်တွင် ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မတ်လ ၂၄ ရက်နေ့တွင် စတင်ရောင်းချမည် ဖြစ်သည်။


Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com