4/02/2015

♪ Acer က အရည်အသွေးမြင့် မျက်နှာပြင် တပ်ဆင်ထားသော တန်ဖိုးနည်း Iconia Tab 10 ကို ကြေညာ ♫

2

Acer က 1920x1200p WUXGA Display တပ်ဆင်ထားသော Iconia Tab 10 တက်ဘလက် ကို ကြေညာလိုက်ပါသည်။ Acer Iconia Tab 10 တွင် ယခင်မျိုးဆက်ထက် Chipset ကို အဆင့်မြှင့် ထားပြီး Android 4.4 KitKat ထည့်သွင်းထားပါသည်။

Acer က Iconia Tab 10 ကို နှစ်မျိုးထုတ်လုပ်ပေးထားပါသည်။ ဒေါ်လာ ၂၅၀ တန် အမျိုးအစားတွင် ၁၀.၁ လက်မ WUXGA Display, 2GB RAM, 32GB Storage , 1.5GHz Quad-Core MediaTek MT8217 Chipset , 5910mAh Battery တပ်ဆင်ထားပါသည်။

ဒေါ်လာ ၂၀၀ တန် အမျိုးအစားတွင် 1280x800p Display, 1GB RAM, 16GB Storage, 1.3GHz Processor , 5700mAh Battery တို့ ပါရှိပါသည်။

တက်ဘလက်နှစ်မျိုးစလုံးသည် WiFi ဆက်သွယ်မှုကိုသာ ထောက်ပံ့ပေးပြီး အနက်နှင့် အဖြူရောင်များ ရွေး ချယ်နိုင်ပါသည်။ အရှေ့ဘက်တွင် 2MP Selfie Camera တပ်ဆင်ထားပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com