4/08/2015

♪ စမတ်ဖုန်းများက သင့်ရဲ့ Voice Command ကို အချိန်ပြည့် နားထောင်စေမယ့် နည်းများ ♫

4

Google က Android Phone များမှာ Google Now နဲ့ Apple က iPhone များမှာ Siri ဆိုတဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်တွေကို ထည့်သွင်းပေးထားကြပါတယ်။ အဲဒီ ကိုယ်ရေးလက်ထောက်တွေကို အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းမှာတော့ သတ်မှတ်ထားတဲ့ ခလုတ်ကို နှိပ်ပြီးမှ ကိုယ်ရေးလက်ထောက်တွေကို Activate လုပ်ပြီး ခိုင်းစေနိုင်တာပါ။ စမတ်ဖုန်းကို လက်နဲ့ ကိုင်စရာမလိုဘဲနဲ့ အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်ရင်တော့ အဆင်ပြေစေမှာပါ။ ဥပမာအားဖြင့် ဖုန်းကို အိပ်ယာဘေးမှ စားပွဲခုံပေါ်မှာ ချထားတဲ့ အချိန်မှာ အိပ်ယာထဲကနေပဲ ပိုင်ရှင်က “ What time is it” လို့ မေးလိုက်တာနဲ့ ကိုယ်ရေးလက်ထောက်က အဖြေပေးမှာ ဖြစ်ပါတယ်။

iPhone and iPad
iPhone နဲ့ iPad တွေက သင့်ရဲ့ အသံအမိန့်ကို အမြဲတမ်းနားထောင်နိုင်တဲ့ စွမ်းရည် မရှိကြပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ Apple Device တွေမှာ စွမ်းအင် အနည်းငယ်သာ အသုံးပြုတဲ့ Audio Processing Chip မပါရှိလို့ပါပဲ။

ဒါပေမယ့် iPhone, iPad တွေကို အားသွင်းနေစဉ်မှာတော့ အသံနဲ့ အမိန့်ပေးခိုင်းစေနိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်ကို Activate လုပ်ဖို့ Settings App ထဲမှ General ကို နှိပ်ပါ။ Siri ကို နှိပ်ပြီး Allow “ Hey Siri” ကို ဖွင့်ပါ။

1

ဒါဆိုရင် iPhone, iPad ကို အားသွင်းနေစဉ်မှာ “ Hey Siri” လို့ ပြောလိုက်တာနဲ့ Siri ကို စတင်ခိုင်းစေနိုင်ပါပြီ။ အဲဒီအတွက် ခလုတ်တစ်ခုမှ နှိပ်စရာမလိုတော့ပါဘူး။ “ Hey Siri” လို့ ပြောပြီးတာနဲ့ ရပ်နားစရာမလိုဘဲ အသံအမိန့်ကို ဆက်လက်ပြောဆိုနိုင်ပါတယ်။

2

Android

Android 5.0 Lollipop နဲ့ 4.4 KitKat တို့မှာ Screen ဟာ Off ဖြစ်နေရင်တောင် “ OK Google” လို့ ပြောလိုက်တာနဲ့ Google Now ကို စတင်ခိုင်းစေနိုင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ ဖုန်းဟာ ဒီစွမ်းဆောင်ချက်ကို အထောက်အပံ့ပေးနိုင်တဲ့ Hardware လိုအပ်ပါတယ်။ သင့်ဖုန်းမှာ အဲဒီ Hardware မပါရင်လည်း Screen ဟာ On ဖြစ်နေရင် သို့မဟုတ် အားသွင်းနေရင် “ OK Google “ လို့ ပြောပြီး Google Now ကို စတင်ခိုင်းစေနိုင်ပါတယ်။

ဒီစွမ်းဆောင်ချက်ကို ဖွင့်ဖို့အတွက် Google App ကိုဖွင့်ပါ။ Menu ကိုနှိပ်ပြီး Settings ထဲသွားပါ။ Voice ကိုနှိပ်ပြီး “ OK Google “ detection ကို နှိပ်ပါ။

3

Default အားဖြင့်တော့ “From the Google app” ကိုပဲ Enable လုပ်ထားတဲ့အတွက် Google App ကိုဖွင့်ထားမှသာ “ OK Google” လို့ပြောပြီး Google Now ကို Activate လုပ်နိုင်တာပါ။ Screen ဟာ On နေတဲ့အချိန်နဲ့ အားသွင်းနေစဉ်မှာပါ Google Now ကို အသံနဲ့ Activate လုပ်ချင်ရင် “From any screen” မှာ Enable လုပ်ပေးပါ။ ဒီလိုပြုလုပ်ခြင်းအားဖြင့် Screen ဟာ On ဖြစ်နေတဲ့အချိန်၊ အခြား App တစ်ခုကို အသုံးပြုနေတဲ့အချိန်နဲ့ အားသွင်းနေတဲ့အချိန်များမှာ “ OK Google” လို့ ပြောလိုက်တာနဲ့ Google Now ကို Activate လုပ်နိုင်ပါပြီ။ အချို့ဖုန်းတွေမှာ ဆိုရင်တော့ “ Always On” ကို ရွေးချယ်နိုင်တဲ့အတွက် Screen ဟာ Off ဖြစ်နေရင်တောင် “ OK Google” command က အလုပ်ဖြစ်ပါတယ်။

4

Google နဲ့ Apple က သူတို့ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်တွေကို စွမ်းဆောင်ရည်များပြားအောင် အမြဲ တီထွင်နေကြပါတယ်။ Windows 10 မှာဆိုရင် Microsoft ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Cortana ကိုထည့်သွင်းပေးမယ်လို့ Microsoft က ကြေညာထားပါတယ်။ မိုဘိုင်းဖုန်းတွေကတော့ လူတွေ အမြဲတစ်စေ ကိုယ်နဲ့မကွာ ယူဆောင်သွားနေကြတဲ့ ကိရိယာတွေ ဖြစ်တဲ့အတွက် ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ဟာ မိုဘိုင်းဖုန်းတွေအတွက် ပိုမို အသုံးဝင်မှာ ဖြစ်ပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com