4/08/2015

♪ သင့်ရဲ့ စမတ်ဖုန်းကို ရေစိုပျက်ဆီးခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းများ ♫

1

မကြာမီမှာ သင်္ကြန်ကာလကို ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် စမတ်ဖုန်းတွေကို ရေစိုပျက်ဆီးမှုမရှိအောင် ကာကွယ်နိုင်ဖို့ အရေးကြီးပါတယ်။ ဖုန်းထုတ်လုပ်သူတွေက တန်ဖိုးကြီး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အနည်းငယ်ကိုသာ ရေစိုခံနိုင်အောင် ပြုလုပ်ပေးထားကြတာပါ။ အဲဒီအတွက် ရေစိုခံခြင်းမရှိတဲ့ စမတ်ဖုန်ုး ပိုင်ရှင်အများစုအတွက် စမတ်ဖုန်း ရေစိုပျက်ဆီးခြင်း မရှိအောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ရဲ့စမတ်ဖုန်းကို ရေစိုခံတဲ့ Waterproof Case ထဲကို ထည့်ပြီး အသုံးပြုပါ။ အဲဒီ ရေစိုခံ Case တွေကလည်း တန်ဖိုးကြီး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေအတွက်သာ ထုတ်လုပ်ပေးတာ ဖြစ်လို့ ဖုန်းအများစုအတွက်တော့ ၀ယ်ယူလို့ မရနိုင်တာကို မှတ်သားပါ။

၂။ သင်္ကြန်ကာလမှာတော့ ဖုန်းတွေ ရေစိုပျက်ဆီးမှုမရှိအောင် ဇစ်ပါတဲ့ ပလတ်စတစ် အိတ်အကြည်လေးတွေကို ရောင်းချပေးလေ့ရှိပါတယ်။ တစ်ခုသတိပြုရမှာက အဲဒီအိတ်ကလေးတွေက ဖုန်းကို ရေမစိုအောင် အတန်အသင့် ကာကွယ်ပေးနိုင်ပေမယ့် အိတ်ကို ရေထဲနှစ်ရင်တော့ ရေမလုံပါဘူး။

၃။ သင့်ရဲ့ ဖုန်းကို ရေချိုးခန်းထဲ ယူဆောင် အသုံးပြုခြင်းကို မပြုလုပ်သင့်ပါဘူး။

၎။ အသုံးပြုခြင်းမရှိတဲ့ အချိန်မှာ ဖုန်းကို ရေနဲ့ ဝေးပြီး ခြောက်သွေ့တဲ့ နေရာများမှာ ထားရှိသင့်ပါတယ်။

၅။ ရေစိုနေတဲ့ လက်နဲ့ ဖုန်းကို မကိုင်ခင်မှာ သင့်လက်ကို ရေခြောက်အောင် အရင်ဆုံး ပြုလုပ်သင့်ပါတယ်။

၆။ မိုးရေထဲမှာ သင့်ဖုန်းကို အသုံးပြုမယ်ဆိုရင် ထီးနဲ့ ကာကွယ်ထားသင့်ပါတယ်။ ဒါမှမဟုတ် ရေစိုခံတဲ့ မိုးကာအင်္ကျီ အိတ်ကပ်ထဲထည့်ပြီး Headset နဲ့ ချိတ်ဆက် အသုံးပြုပါ။

၇။ လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ ဖုန်းကို အသုံးပြုချင်ရင် လက်မှ ချွေးတွေကို အရင်ဆုံး သုတ်ပစ်ပါ။

၈။ စမတ်ဖုန်း မျက်နှာပြင်ကို ရေစက်ကလေးတွေ ထိတွေ့သွားရင်တော့ ခြောက်သွေ့နူးညံ့တဲ့ အ၀တ်စနဲ့ သုတ်ပေးပါ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com