4/08/2015

♪ ရေစိုသွားတဲ့ စမတ်ဖုန်းကို မပျက်ဆီးအောင် ပြုလုပ်သင့်တဲ့ အချက်များ ♫

3

သင်္ကြန်ကာလမှာ ရေကစားရင်းနဲ့ပဲ ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် ရေစိုသွားတဲ့ စမတ်ဖုန်းကို မပျက်ဆီးအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဖုန်းပြင်ဆိုင်ကို အရင်မသွားဘဲ အဲဒီနည်းလမ်းတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်။

ရေစိုသွားတဲ့ ဖုန်းကို မပျက်ဆီးအောင် ပြုလုပ်ရမယ့် အချက်တွေ ရှိသလို ရှောင်ကြဉ်ရမယ့် အချက်တွေ လည်း ရှိပါတယ်။ ရှောင်ကြဉ်ရမယ့် အချက်တွေကို အရင်ဆုံး လေ့လာကြည့်ပါ။

ရှောင်ကြဉ်ရမယ့် အချက်များ
၁။ ဖုန်းကို ပါဝါမဖွင့်ပါနဲ့။

၂။ ဖုန်းခလုတ်တွေကို မနှိပ်ပါနဲ့။

၃။ ဖုန်းကို လှုပ်ခါတာကိုလည်း ရှောင်ကြဉ်ပါ။

၎။ ဖုန်းကို လေနဲ့ မှုတ်ရင် ရေတွေဟာ ဖုန်းရဲ့ အခြားနေရာများကို ရောက်ရှိနိုင်တဲ့အတွက် မပြုလုပ်သင့် ပါဘူး။

၅။ Dryer နဲ့ မှုတ်တာလို အပူပေးခြင်းကိုလည်း ရှောင်ကြဉ်ပါ။

ပြုလုပ်ရမယ့် အချက်များ

၁။ ဖုန်းကို ပါဝါပိတ်ပါ။

၂။ အနောက်ဘက်အခွံကို ဖြုတ်ပြီး microSD Card နဲ့ SIM Card များကို ထုတ်ပါ။

၃။ ဘက်ထရီကို ဖြုတ်ပါ။ HTC One M8 လို အချို့ဖုန်းတွေမှာတော့ ဘက်ထရီကို ဖြုတ်လို့မရပါဘူး။

1

၎။ ခြောက်သွေ့ နူးညံ့တဲ့ အ၀တ်ဖြင့် ဖုန်းနဲ့ သူ့ရဲ့ အစိတ်အပိုင်းတွေကို သုတ်ပါ။

၅။ အ၀တ်နဲ့ သုတ်လို့မရတဲ့ နေရာတွေအတွက်တော့ လေစုပ်တဲ့ ကိရိယာကို အသုံးပြုပြီး ရေများကို ဖယ်ရှားပါ။

၆။ ဇစ်ပါတဲ့ အိတ်ထဲကို ဖုန်းနဲ့ အတူ ဆန်စေ့များကို ထည့်ပြီးပိတ်ထားပါ။ ဆန်စေ့များဟာ ရေကိုစုပ်ယူ ရာမှာအလွန်ကောင်းမွန်တဲ့ အစွမ်းသတ္တိရှိပါတယ်။

2

၇။ ဖုန်းမှ ရေတွေကို ခြောက်သွေ့စေဖို့ အထူးပြုလုပ်ထားတဲ့ Drying Pouch တွေကို ၀ယ်ယူလို့ရရင် အသုံးပြုပါ။
3

၈။ ရေစိုသွားတဲ့ ဖုန်းကို တစ်ရက်ကနေ နှစ်ရက်အထိ ခြောက်သွေ့အောင် ထားပါ။ အဲဒီရက်အတွင်းမှာ အခြား ဖုန်းတစ်လုံးကို အသုံးပြုပါ။

၉။ နှစ်ရက်ကြာပြီးတဲ့ နောက်မှာ ဘက်ထရီကို ဖုန်းမှာ တပ်ဆင်ပြီး ပါဝါဖွင့်ပါ။ ပါဝါပွင့်လာရင်တော့ စပီကာတွေ အလုပ်ကောင်းကောင်း လုပ်၊ မလုပ်စစ်ဆေးဖို့ သီချင်း နားထောင်ကြည့်ပါ။ ထိတွေ့မျက်နှာပြင်ရဲ့ တုန့်ပြန်မှုကိုလည်း စစ်ဆေးသင့်ပါတယ်။

၁၀။ ပါဝါမပွင့်ခဲ့ရင်တော့ ဖုန်းကို အားသွင်းကြည့်ပါ။ ဘက်ထရီ အားသွင်းတဲ့ အခြေအနေကို မမြင်ရရင်တော့ ဘက်ထရီ ပျက်ဆီးသွားတာ ဖြစ်နိုင်ပါတယ်။ ဘက်ထရီကို ခြောက်သွေ့အောင် ထပ်မံ ထားရှိပါ။ ဒီလိုလုပ်လို့မှ အဆင်မပြေသေးရင်တော့ နီးစပ်ရာ ဖုန်းပြင်ဆိုင်များမှ ကျွမ်းကျင်သူများကို ပြသပါ။

၁၁။ ဖုန်းဟာ ပါဝါပွင့်ပြီး အလုပ်ကောင်းကောင်း လုပ်နေရင်လည်း အရင်အခြေအနေအတိုင်း ရှိသလား ဆိုတာကို စစ်ဆေးဖို့ ရက်အနည်းငယ်ကြာကြာ အထိ ဂရုတစိုက် စောင်ကြည့်ပါ။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com