2/02/2015

♪ ဇန်န၀ါရီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ Telenor နှင့် Ooredoo အင်တာနက်လိုင်းများကျဆင်းခဲ့သည်ကို အသီးသီးတောင်းပန် ♫


ဇန်န၀ါရီလ ၂၆ ရက်နေ့မှ ၂၈ရက်နေ့ညနေအထိ Telenor Myanmar နှင့် Ooredoo Myanmar တို့၏ အင်တာနက်လိုင်းများကျဆင်းနေခဲ့ပြီးထိုသို့ဖြစ်ခဲ့ခြင်းအတွက် အော်ပရေတာနှစ်ဦးစလုံးက တောင်းပန် ခဲ့ကြပါတယ်။

Ooredoo Myanmar ၏ Facebook စာမျက်နှာတွင် အခြေအနေအရပ်ရပ်ကြောင့် ယမန်နေ့ ၂၆-၁-၂၀၁၅၊ ည ၈နာရီမှစတင်၍ အင်တာနက်ဝန်ဆောင်မှုများသုံးစွဲရာတွင် အခက်အခဲကြုံတွေ့နေ ရသောမိဘပြည်သူ များကို Ooredoo က အနူးအညွတ်တောင်းပန်ကြောင်း၊ ၀န်ဆောင်မှုများ ပြန်လည်ကောင်းမွန်လာစေရန် Ooredoo က ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ၀န်ဆောင်မှုများပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိ လာသည်နှင့် တစ်ပြိုင်နက် မိဘပြည်သူများထံချက်ချင်း အသိပေးအကြောင်းကြားပေး သွားမည်ဖြစ်ကြောင်း ကို ဇန်န၀ါရီ ၂၇ ရက် မနက် ၈ နာရီကျော်ခန့်တွင် တင်ပြခဲ့ပါသည်။

ဇန်န၀ါရီလ ၂၈ ရက်နေ့ မနက်ပိုင်း တွင် အပြည်ပြည်ဆိုင်ရာ ဖိုင်ဘာလိုင်းချို့ယွင်းနေသောကြောင့် အင်တာနက်ခက်ခဲရခြင်းဖြစ်ကြောင်း အမြန်ဆုံးပြင်ဆင်လျက်ရှိကြောင်း တောင်းပန်ခဲ့ပြီး၊ ဇန်န၀ါရီ ၂၈ ရက်ညနေ တစ်နာရီဝန်းကျင်တွင် ပုံမှန်အခြေအနေပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း Ooredoo Myanmar ၏ Facebook မှ အသိပေးခဲ့ပါသည်။


အလားတူ Telenor Myanmar ၏ Facebook စာမျက်နှာတွင်လည်း ဇန်န၀ါရီ ၂၈ ရက်နေ့တွင် အင်တာနက်လိုက်များမတည်ငြိမ်မှုအတွက် ဆက်ကြောင်းများပြုပြင်ထိန်းသိမ်းနေကြောင်း မကြာမီပြန် လည်ကောင်းမွန်စေရန် အမြန်ဆုံးဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။ ဇန်န၀ါရီလ ၂၈ ရက် ညနေ တွင် အင်တာနက် ဆက်ကြောင်းများ ပြန်လည်ကောင်း မွန်အောင် ဆောင်ရွက်နိုင်ခဲ့သော်လည်း လိုင်း မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပြီး၊ ဇန်န၀ါရီ ၂၉ ရက်တွင်မှ ပြန်လည်ကောင်းမွန်ခဲ့ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်ခဲ့ပါသည်။


Credit : Mobile Guide Journal
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com