2/02/2015

♪ Dell XPS 13 Laptop ရဲ့ အားသာချက် ၊ အားနည်းချက် နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
Dell ၏ တီထွင်ဆန်းသစ်မှု ရှိသော XPS 13 laptop သည် ဘေးအနားကွပ် သေးငယ်အောင် ပြုလုပ် ထားသည့် display ဖြင့် ပွဲထွက်လာသည်။ ၁၃ လက်မအရွယ်ရှိ laptop တစ်လုံး၏ ကိုယ်ထည်မှာ ကျစ်လျစ်သေးငယ်မှုရှိသည်။ ထို့အပြင် Dell XPS 13 တွင်နောက်ဆုံးပေါ် Intel CPU များကိုလည်း အသုံးပြုထားသည်။

အားနည်းချက်
XPS 13 laptop တွင်ပါဝင်လာသည့် အဆင့်မြှင့်တင်မှုများကြောင့် ဈေးနှုန်းကြီးမြင့်လာသလို ထုတ်ကုန် အတွင်း ပါဝင်သည့် touchscreen မှာလည်း default မဟုတ်ပေ။ Laptop အတွင်းပါဝင်လာသည့် CPU သစ်သည် ထုတ်ကုန်၏စွမ်းဆောင်ရည်ကို ထိရောက်အောင်မစွမ်းဆောင်နိုင်ပေ။

အသေးစိတ်ဖော်ပြချက်
Dell ၏မျိုးဆက်သစ် XPS 13 laptop ဒီဇိုင်းသည် ယခင်ထွက်ရှိထားသော XPS 13 နှင့်ခြားနားသည်။ ၎င်း၏ကိုယ်ထည်သည် အခြား ၁၃ လက်မ laptop များထက် ပိုမိုသေးငယ်သလို ထုတ်ကုန်၏ display သည် ၁၁ သို့မဟုတ် ၁၂ လက်မ laptop ကဲ့သို့ပင် ထင်ရသည်။ ထို့အပြင် display ၏ဘေးဘောင်များမှာ အလွန်သေးငယ်သည့်အပြင် အစောပိုင်းတွင် Broadwell ဟုအမည် ရသည့် Intel ၏ ပဉ္စမမြောက်မျိုးဆက် Core iseries CPU ကိုအသုံးပြုထားသည်။ အဆိုပါ Core i3/ i5/i7 ပရိုဆက်ဆာများသည် PC အသစ်များအား စွမ်းဆောင်ရည်မြှင့်တင်ရန်အ တွက် ၂၀၁၅ ခုနှစ်အစောပိုင်းတွင် ထည့်သွင်းရောင်းချခဲ့ သည်။

Dell ၏ XPS 13 သည် ကွန်ပျူတာ စတင်သုံးစွဲသူများအတွက် Core i3 CPU နှင့် 128GB SSD ဗားရှင်း အပြင် Core i5 နှင့် 256GB SSD ဗားရှင်းကိုလည်း ထုတ်လုပ်ထားသည်။ Touchscreen မပါဝင်သည့် ဗားရှင်းကို ကန်ဒေါ်လာ ၇၉၉ ဖြင့်ရောင်းချမည်ဖြစ်ပြီး 32,00x1,800 touchscreen display ပါဝင်သော ဗားရှင်းကို  ကန်ဒေါ်လာ ၁,၃၉၉ ဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။

ဘက်ထရီ
XPS 13 အတွင်းအသုံးပြုထားသည့် Intel ပရိုဆက်ဆာကြောင့် သုံးစွဲရာတွင် သင့်တင့်လျောက်ပတ်စေ သည့် ဘက်ထရီသက်တမ်းရှိသည်။ XPS 13 Laptop ဖြင့်မနားတမ်း အင်တာနက် အသုံးပြုပါက အချိန် ၇ နာရီ မိနစ် ၄၀အထိသုံးစွဲနိုင်သည်။ အကယ်၍ သုံးစွဲသူများအနေဖြင့် ရှိရင်းစွဲ ဘက်ထရီထက်ပိုမို တိုးချဲ့အသုံးပြုလိုပါကDell ၏ 12,000 mAh Portable Power Companion ကိုကန်ဒေါ်လာ ၁၀၈ ဖြင့် ဝယ်ယူနိုင်သည်။

USD - 799.99-1,399
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com