Telenor Myanmar က Nano Sim အသုံးပြုလိုသူများအတွက် ၎င်းတို့၏
အရောင်းဆိုင်များ အားလုံးတွင် အဆိုပါ ဆင်းမ်ကတ်များကို
စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီ၏ ပုံမှန်ဆင်းမ်ကတ်များကို အသုံးပြုနေသူများ အနေဖြင့် Nano Sim ကို ပြောင်းလဲအသုံးပြုလိုပါက နီးစပ်ရာ အရောင်းဆိုင်များတွင် မှတ်ပုံတင်မိတ္တူ ကို ပြသပြီး ၁,၅၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။
Telenor ၏ မူလဆင်းမ်ကတ်များကို အသုံးပြုနေသူများမှ Nano Sim ဖြင့် လဲလှယ်သည့်အခါတွင် သုံးစွဲသူ၏ အချက်အလက် လုံခြုံရေးအတွက် သက်ဆိုင်ရာ အရောင်းဆိုင်များမှ လုံခြုံရေးဆိုင်ရာ မေးခွန်း အနည်းငယ် မေးမြန်းနိုင်ဖွယ်ရှိကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။
Internet Journal