2/04/2015

♪ Smartphone Best New Arrival ဆုကို Huawei Mate7 ရရှိ ♫


ရှန်ဟိုင်းတွင် ကျင်းပခဲ့သည့် ၁၁ ကြိမ်မြောက် Hurun နည်းပညာပစ္စည်း အကောင်းဆုံး ဆုပေးပွဲတွင် Huawei ၏ စမတ်ဖုန်း အသစ်တစ်ခုဖြစ်သော Mate7 က ၂၀၁၅ ခုနှစ်၏ အကောင်းဆုံး စမတ်ဖုန်း အသစ်ဆုကို ရရှိခဲ့သည်။

အဆိုပါ ဆုပေးပွဲတွင် ဇိမ်ခံပစ္စည်းအမျိုးအစား ၁၀၀ ကျော် ဖြစ်သည့် ကား၊ နာရီ၊ ဖက်ရှင်တံဆိပ်များနှင့် လက်ဝတ်ရတနာ၊ ရွက်လှေသင်္ဘော၊ ဂျက်လေယာဉ်၊ ပုဂ္ဂလိကဘဏ်လုပ်ငန်း အစရှိသော ဇိမ်ခံပစ္စည်း များကို ဆုများချီးမြှင့်ခဲ့ပြီး Huawei Mate7 က ရောင်းရအမြန်ဆုံး၊ အကျော်ကြားဆုံး၊ တိုးတက်မှုအမြန်ဆုံး ဖုန်းတစ်ခုဖြစ်သည့်အတွက် အထက်ပါဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

စတင်ရောင်းချခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ ယနေ့အထိ ကမ္ဘာတစ်ဝှမ်းတွင် Huawei Mate7 အလုံးရေ နှစ်သန်းကျော်ကို ရောင်းချနိုင်ခဲ့ပြီး ယခုကဲ့သို့ ကမ္ဘာ့အဆင့်တစ်ခုအဖြစ် အသိမှတ်ပြုခံရသည့် အတွက် လွန်စွာ စိတ်လှုပ်ရှား ဝမ်းမြောက်မိကြောင်း Huawei Consumer Business Group Handset Product Line ၏ ဥက္ကဋ္ဌ Kevin Ho က ပြောသည်။

Huawei Mate 7 သည် ၆ လက်မ အရွယ်အစားရှိပြီး ပါးလွှာသော ၇.၉ မီလီမီတာ ကိုယ်ထည်တို့ကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ထို့အပြင် 4100 mAh ဘက်ထရီကြောင့် ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ပြီး Single-touch fingerprint နည်းပညာကို အသုံးပြုထားသည့် စမတ်ဖုန်းတစ်လုံး လည်း ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com