2/04/2015

♪ Call me back ကို အသုံးပြုနိုင်သည်ဟု Ooredoo ကြေညာ ♫


မိုဘိုင်းဖုန်းအတွင်း ငွေလက်ကျန် နည်းနေသည့်အခါတွင်ဖြစ်စေ၊ ငွေလက်ကျန် ကုန်ဆုံးသွားသည့် အခါတွင် ဖြစ်စေမိမိထံသို့ ဖုန်းပြန်လည် ခေါ်ဆိုစေရန် Call me back စနစ်ဖြင့် အကြောင်း ကြားနိုင် သည်ဟု Ooredoo က ကြေညာသည်။

မကြာသေးခင် Call me back ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့် Telenor ကလည်း ကြေညာခဲ့သည်။ Telenor အနေဖြင့် Call me back ကို မည့်သည့် ဖုန်းလိုင်းကိုမဆို ပေးပို့နိုင်သည်ဟု ကြေညာ ခဲ့သော်လည်း Ooredoo သည် ၎င်းတို့ ဖုန်းသုံးစွဲသည့် မည်သည့် နံပါတ်ကိုမဆို ပေးပို့နိုင် သည်ဟု ကြေညာခဲ့သည်။

Call me back ဝန်ဆောင်မှုကို ၎င်းတို့အနေဖြင့် အသုံးပြုသူများ အဆင်ပြေစွာ အသုံးပြုနိုင်ရန် ယခင်ကတည်းက ဖွင့်လှစ်ပေးထားခြင်း ဖြစ်သော်လည်း အသုံးပြုသူများအနေဖြင့် သိရှိသူ နည်း ပါးသေးကြောင်း သိရသည်။ ကြိုတင်ငွေပေးချေစနစ်ကို အသုံးပြုသည့် မိုဘိုင်းဖုန်းများအတွက် ငွေကြေး ကုန်ကျခြင်းမရှိသည့် Call me back ဝန်ဆောင်မှုကို Telenor နှင့် Ooredoo က ပေးအပ် ထားခြင်းဖြစ်သည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com