2/04/2015

♪ Samsung Galaxy S6 မှာ ငွေပေးချေတဲ့ စနစ်ပါရှိမည် ♫

gsmarena_001

ကိုရီးယား သတင်းဌာနများရဲ့ အဆိုအရ Samsung က Galaxy S6 မှာ ငွေပေးချေတဲ့ စနစ် အသစ်တစ်ခုကို ထည့်သွင်းပေးမယ်လို့ သိရပါတယ်။ Samsung က အဆိုပါစနစ်အတွက် Visa ကို အဓိက ပါတနာအဖြစ် ရွေးချယ်ထားပါတယ်။

Apple Pay ကို ယှဉ်ပြိုင်မယ့် Samsung ဟာ Cards များကို ထိတွေ့ခြင်းဖြင့် အရောင်းဆိုင်များ မှာ ငွေပေးချေနိုင်တဲ့ LoopPay နည်းပညာကို အခြေခံပြီး သူ့ရဲ့ စနစ်ကို တည်ဆောက်မှာ ဖြစ်ပါ တယ်။ ငွေပေးချေဖို့အတွက် Samsung က Fingerprint Sensor ကို အသုံးပြုမှာ ဖြစ်ပြီး နောက်ဆုံး ထွက်ပေါ်နေတဲ့ သတင်းတွေအရ Galaxy S6 ရဲ့ Fingerprint Sensor ဟာ ပွတ်ဆွဲပြီး အသုံးပြုစရာ မလိုဘူးလို့ သိရပါတယ်။

Sensor ကနေ Private Mode, Pay with PayPal တို့ကို အသုံးပြုနိုင်သလို Samsung Account နဲ့ အခြား ၀က်ဆိုက်များကို Log In ၀င်ရောက်နိုင်မှာပါ။

Samsung က LoopPay အသုံးပြုနိုင်တဲ့ Case ကို Galaxy S5 နဲ့ Galaxy Note 4 တို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။ Samsung က မတ်လ တစ်ရက်နေ့မှာ Galaxy S6 ကို ကြေညာမယ့် ပွဲကို ပြုလုပ်မှာ ဖြစ်ပြီး အဲဒီပွဲမှာပဲ ငွေပေးချေတဲ့ စနစ်အသစ်ကို ကြေညာနိုင်ပါတယ်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com