2/04/2015

♪ ကွေးညွတ်နိုင်သော LG G Flex 2 ကို ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တောင်ကိုရီးယား၌ ရောင်းချ ♫

၁

LG က Consumer Electronics Show တွင် ကြေညာခဲ့သော G Flex 2 ကို ဇန်န၀ါရီလ ၃၀ ရက်နေ့ တွင် တောင်ကိုရီးယား၌ ရောင်းချပေးလိုက်ပါသည်။ ထို့နောက်တွင် အမေရိကန် အပါအ၀င် ကမ္ဘာအနှံ့ တွင် ရောင်းချမည် ဖြစ်သည်။

G Flex 2 ကို တောင်ကိုရီးယား ၀မ် ရှစ်သိန်း (ဒေါ်လာ ၇၃၇) သတ်မှတ်ထားပြီး တောင်ကိုရီးယား၏ Mobile Carrier သုံးခုစလုံးမှနေ၍ ရောင်းချမည် ဖြစ်သည်။

G Flex 2 သည် Qualcomm Snapdragon 810 Chipset ထည့်သွင်းထားသော LG ၏ ပထမဆုံး ဖုန်းဖြစ်ပါသည်။ Chipset သည် အပူလွန်ကဲခြင်းကို ဖြစ်စေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း LG က G Flex 2 တွင် ပြဿနာ မရှိကြောင်း ရှင်းလင်းထားပါသည်။

G Flex 2 တွင် ၅.၅ လက်မ 1080p Display, 13MP Rear Camera, 2.1MP Front Camera တပ်ဆင်ထားပါသည်။ ကိုရီးယားတွင် ရောင်းချမည့် အမျိုးအစားတွင် 32GB Internal Storage နှင့် 2GB RAM ပါရှိပါသည်။ ( နိုင်ငံတကာတွင် ရောင်းချမည့် အမျိုးအစားတွင် 3GB RAM ထည့်သွင်းထားပါသည်။ ) 3000mAh Battery တပ်ဆင်ထားပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com