2/02/2015

♪ Samsung Galaxy S6 နှင့် ပတ်သက်သော အချက်အလက်များ ပေါက်ကြား ထွက်ပေါ်လာ ♫


ဆက်သွယ်ရေးကုမ္ပဏီ  Vodafone ၏ နယ်သာလန် ဝက်ဘ်ဆိုက်တွင် မထင်မှတ်ဘဲ Samsung Galaxy S6 ထုတ်ကုန်စာမျက်နှာ ထွက်ပေါ်လာခဲ့ပြီး စာမျက်နှာတွင် Samsung Galaxy S Edge ဟူသော လျို့ဝှက် နာမည်လည်း ပါဝင်လာသည်။

ထို့အပြင် နယ်သာလန်နည်းပညာ ဝက်ဘ်ဆိုက် Galaxy Club မှ Samsung သည် Galaxy S6 ကို ဗားရှင်းနှစ်မျိုးဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်းဖော်ပြခဲ့သည်။ အဆိုပါ Galaxy S6 သည် S စီးရီး ထုတ်ကုန်များတွင်  အလုံးစုံပြောင်းလဲထားသော ဒီဇိုင်းဖြင့် ထွက်ပေါ်လာဖွယ်ရှိသလို Note Edge ကဲ့သို့ ဒီဇိုင်းဖြင့် ပွဲထွက်လာဖွယ်ရှိနေသည်။ Samsung သည် ၂၀၁၄ ခုနှစ်က ထွက်ရှိထားသော ဖုန်း၏ ညာဘက်တွင် touchscreen ပါဝင်လာသည့် Galaxy Note Edge ကိုအခြေခံ၍ Galaxy S6 ကိုဖန်တီးဖွယ်ရှိသည်။

Note Edge တွင်ပါဝင်သည့်  မျက်နှာပြင်ကွေး touchscreen  သည် shortcut, widget နှင့် control များကို အဓိကမျက်နှာပြင် အတွက်ထောက်ပံ့ပေးထားသည်။ ထို့ကြောင့် အဓိက မျက်နှာပြင်ကို နေရာ လွတ်ပြုန်းတီးမှုမဖြစ်စေဘဲ ဗွီဒီယို သို့မဟုတ် ဂိမ်းများသာထည့်သွင်းထားနိုင်သည်။

(Ref: Forbes)

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com